DVB Logo
Home
မြန်မာသတင်း
ပဲခူးရိုးမအတွင်း တရားမဝင်​သစ်​ခွဲသားမျိုးစုံ တန် ၇၀ ဝန်းကျင်​ ဖမ်းမိ
DVB
·
December 11, 2017
ပဲခူးရိုးမအတွင်း တရားမဝင်​သစ်​ခွဲသားမျိုးစုံ တန် ၇၀ ဝန်းကျင်​ ဖမ်းမိ
Donate to DVB

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ဖြူးမြို့နယ်အနောက်ဘက် ပဲခူးရိုးမအတွင်း ဖြူးချောင်းဖျားနဲ့ ချောက်ကမ်းပါးတွေမှာ တရားမဝင်သစ်တန် ၇၀ ကို ဒီဇင်ဘာ ၉ ရက်ကနေ ၁၁ ရက်အတွင်း ဖမ်းဆီးရမိခဲ့ပါတယ်။

တောင်ငူခရိုင် သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းနိုင်ဦးနဲ့ တာဝန်ရှိသူတွေ ပူးပေါင်းဖမ်းဆီးခဲ့တာလို့ သစ်တောအရာရှိတဦးက ပြောပါတယ်။

“လောလောဆယ် ပျဉ်းကတိုးခွဲသားဆိုက်စုံ တန် ၆၀ လောက်၊ ကျွန်းခွဲသားဆိုက်စုံ ၃ တန်လောက်နဲ့ အခြားသားခွဲသားဆိုက်စုံ ၇ တန်လောက် စုစုပေါင်းတန် ၇၀ လောက် ဖမ်းမိထားတယ်။ တချို့သစ်တွေက ချောက်ကမ်းပါးတွေထဲမှာဆိုတော့ အပေါ်ရောက်မှပဲ အတိအကျသိရမယ်။ အခုဟာက အကြမ်းဖျင်း သိရသလောက်ပေါ့။ အခုချိန်ထိ တရားမဝင်သစ်တွေကို ဆက်လက်ရှာဖွေဖမ်းဆီးနေတုန်းပဲ။”

ဖမ်းဆီးရမိထားတဲ့ သစ်ခွဲသားတွေကို ချောက်ကမ်းပါးအတွင်းမှ ကျွဲတွေနဲ့ ဆွဲတင်ပြီး သစ်တောရုံးကို ကားတွေနဲ့ သယ်ယူပို့ဆောင်နေပြီလို့လည်း သိရပါတယ်။

အရင်လကလည်း ဖြူးမြို့နယ်အတွင်းကပဲ တရားမဝင်သစ်ခွဲသားတန် ၅၀ လောက်ကို ဖမ်းဆီးရမိခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013