
ရန်ကုန်မြို့ ပြည်သူ့ဥယျာဉ်မှာ မနေ့ညက ကျင်းပသွားတဲ့ ငြိမ်းချမ်းရေးဂီတပွဲတော် ၂ဝ၁၇ သီချင်းဆိုပြိုင်ပွဲ Grand Final နောက်ဆုံပွဲစဉ်မှာ အသက် ၁၅ နှစ်အရွယ် ပြိုင်ပွဲဝင် မေသူကျော်က ပထမဆု ရရှိသွားပါတယ်။
ပြိုင်ပွဲမှာ နောက်ဆုံး ဆန်ခါတင်ပြိုင်ပွဲဝင် ၄ ဦးက ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ တေးသီချင်းတွေကို တဦးချင်းရော စုံတွဲအလိုက်ပါ သီဆိုယှဉ်ပြိုင်အပြီးမှာ ဒိုင်တွေရဲ့ ဆုံးဖြတ်ချက်နဲ့ ပရိသတ်တွေရဲ့ SMS Voting စနစ်အရ ရွေးချယ်ဆုပေးအပ်ခဲ့တာ ဖြစ်ပါတယ်။
ပထမဆုကို မေသူကျော်၊ ဒုတိယဆုကို ကြူကြူခိုင်၊ တတိယဆုကို ဖြူလှနဲ့ စတုတ္ထဆုကို Sa Paung ကအသီးသီးရရှိခဲ့ပြီး ဆုကြေးအဖြစ် ပထမဆု ကျပ် သိန်း ၃ဝဝ၊ ဒုတိယဆု ကျပ် သိန်း ၂ဝဝ၊ တတိယဆုကျပ် သိန်း ၁ဝဝ၊ စတုတ္ထဆုကျပ် သိန်း ၅ဝနဲ့ ကျန်အထူးဆုရ ၇ဦးအတွက် တစ်ဦးကို ကျပ်သိန်း ၃ဝ စီချီးမြှင့်ခဲ့ပါတယ်။
နိုင်ငံတော်ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ထောက်ခံတဲ့အနေနဲ့ ပြန်ကြားရေးဝန်ကြီးဌာနက ကြီးမှူးကြီး မြန်မာနိုင်ငံအနှံ့ မြို့ကြီး ၁၁ မြို့မှာ လှည့်လည်ကာ ဒေသ လက်ရွေးစင်တွေကို အဆင့်ဆင့်ရွေးချယ်ကာ ပြိုင်ပွဲကျင်းပခဲ့တာ ဖြစ်ပါတယ်။
ဓာတ်ပုံ- MOI










