DVB Logo
Home
မြန်မာသတင်း
အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အခမ်းနား ရန်ကုန်မြို့ သခင်မြပန်းခြံတွင် ကျင်းပ
DVB
·
December 10, 2017
အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အခမ်းနား ရန်ကုန်မြို့ သခင်မြပန်းခြံတွင် ကျင်းပ
1 / 5
Donate to DVB

 

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အခမ်းနားကို ဒီဇင်ဘာ ၁၀ ရက်နေ့က ရန်ကုန်မြို့သခင်မြပန်းခြံမှာ ကျင်းပခဲ့ပါတယ်။

ဒီအခမ်းအနားကို HRW နဲ့ တခြား လူ့အခွင့်အရေး မိတ်ဖက်အဖွဲ့တွေဖြစ်တဲ့ Equality Myanmar တို့က ဦးဆောင်ကျင်းပတာဖြစ်ပြီး မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်နဲ့ နိုင်ငံတကာ သံတမန်တွေ တက်ရောက်ခဲ့ကြပါတယ်။

လူ့အခွင့်အရေးလူပ်ရှားသူတွေက မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးနဲ့ ပတ်သတ်ပြီး တိုးတက်မှုတွေ ချိုးဖောက်ခံနေရဆဲ အခြေအနေတွေ နိုင်ငံတကာအလယ် ရင်ဆိုင်နေရတဲ့ အခြေနေတွေနဲ့ ပြင်ဆင်ရမယ့် ဥပဒေတွေကို သုံးသပ်ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် အနေနဲ့ကတော့ မသန်စွမ်းအခွင့်ရေး၊ အမျိုးသမီးအခွင့်ရေး စတာတွေအပြင် လူသားတယောက်ရဲ့အခွင့်အရေးဖြစ်တဲ့ အသက်ရှင် ပိုင်ခွင့်အတွက် သေဒဏ်ဥပဒေကို အပြီးပယ်ဖျက်ဖို့ ကြိုးစားနေတဲ့ အကြောင်းပြောကြားခဲ့ပြီး နိုင်ငံတကာသံတမန်တွေကလည်း ဒီဥပဒေပပျောက်ရေးနဲ့ ပတ်သက်ပြီး အကူညီပေးသွားမယ်လို့ ပြန်လည်ပြောဆိုခဲ့ပါတယ်။

ဒီနေ့ကျင်းပတဲ့ လူ့အခွင့်အရေးနေ့အခမ်းအနားကို ရန်ကုန်အပါအ၀င် တခြား မြို့ကြီးတွေမှာလည်း ကျင်းပခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013