DVB Logo
Home
မြန်မာသတင်း
ကယားပြည်​နယ်​တွင်​ အရပ်​ဘက်​အဖွဲ့အစည်းများ လူ့အခွင့်အ​ရေးအသိပညာပေး ပြုလုပ်
DVB
·
December 10, 2017
ကယားပြည်​နယ်​တွင်​ အရပ်​ဘက်​အဖွဲ့အစည်းများ လူ့အခွင့်အ​ရေးအသိပညာပေး ပြုလုပ်
1 / 4
Donate to DVB

 

ဒီနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့မှာ ကယားပြည်နယ်ရှိ အရပ်ဘက် အဖွဲ့အစည်းတွေက လူငယ် ၆၀ လောက်က လူ့အခွင့်အရေးလှုံ့ဆော်သီချင်းတွေ သီဆိုပြီး လူ့အခွင့်အရေးဆိုင်ရာ ဟောပြောတာတွေ၊ လက်ကမ်းစာစောင် ဖြန့်ဝေတာတွေကို လွိုင်ကော်မြို့ တောင်ကွဲစေတီတော် အနီးနဲ့ မိုးဗြဲမြို့လယ်တွေမှာ ပြုလုပ်ခဲ့ကြပါတယ်။

လူ့အခွင့်အရေး လှုံ့ဆော်မှုမှာ ဦးဆောင်ပါဝင်တဲ့ ကယန်းမျိုးဆက်သစ်လူငယ်အဖွဲ့ဝင် ကိုဂျွန်သန်းစိုးနိုင်က “လူ့အခွင့်အရေးမှာ ကျနော်တို့ ဘယ်လိုရပ်တည်နေလဲဆိုတာ ပြသချင်တာလည်း ဖြစ်တယ်။ နောက်တချက်က အများအားဖြင့် ဒီမှာက လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေ အရမ်းများတယ်။ အကြီးမဟုတ်ပေမယ့်လည်း သေးသေးလေးတွေ အရမ်းများတယ်။ သူ့တို့ရဲ့ အခွင့်အရေးတွေကို သိစေချင်တာပေါ့နော်။ ကျနော်တို့မှာ အခွင့်အရေး လုံးဝမရတဲ့ တန်းတူညီမျှခွင့်တို့၊ တကယ့်ဖက်ဒရယ်ရေးရာတွေမှာ၊ ငြိမ်းချမ်းရေးတွေမှာ တန်းတူညီမျှမှု လုံးဝမရှိတာ တွေ့ရတဲ့အတွက် ကျနော်တို့ လုပ်တယ်ပေါ့နော်”လို့ ပြောပါတယ်။

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ရဲ့ လူ့အခွင့်အရေးလှုံ့ဆော်တဲ့ လှုပ်ရှားမှုမှာ အမျိုးသမီးများအတွက် အမျိုးသမီး ဖောင်ဒေးရှင်းအဖွဲ့နှင့် ကရင်နီပြည်လူငယ်များသမဂ္ဂရဲ့ အဖွဲ့ဝင် အဖွဲ့အစည်းတွေဖြစ်တဲ့ ကယားပြည်နယ် ကျောင်းသားသမဂ္ဂ၊ ကယန်းအမျိုးသမီး အစည်းအရုံး၊ ကရင်နီအမျိုးသားလူငယ် အစည်းအရုံး၊ ကယန်းမျိုးဆက်သစ်လူငယ်တွေနဲ့ တသီးပုဂ္ဂလ တက်ကြွ လှုပ်ရှားသူများ ပါဝင်ခဲ့ကြပါတယ်။

သတင်း၊ ဓာတ်ပုံ- ခွန်းတူးတူးလေး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013