DVB Logo
Home
မြန်မာသတင်း
ငြိမ်းချမ်းရေးဖြစ်စဉ်များ လေ့လာရန် ကာကွယ်ရေးဦးစီချုပ် နီပေါနိုင်ငံသို့ ထွက်ခွာ
DVB
·
December 10, 2017
ငြိမ်းချမ်းရေးဖြစ်စဉ်များ လေ့လာရန် ကာကွယ်ရေးဦးစီချုပ် နီပေါနိုင်ငံသို့ ထွက်ခွာ
Donate to DVB

 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ငြိမ်းချမ်းရေး ဖြစ်စဉ်တွေ လေ့လာဖို့ ပထမဆုံးအကြိမ်အဖြစ် နီပေါနိုင်ငံကို ဒီနေ့မနက်က ထွက်ခွာသွားတယ်လို့ သူ့ရဲ့ တရားဝင်ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

နီပေါတပ်မတော်၊ ကြည်းတပ် ဦးစီးချုပ် Gen.Ranjendra Chhetri ရဲ့ ဖိတ်ကြားချက်အရ သွားတာ ဖြစ်ပြီး ဇနီး ဖြစ်သူ ဒေါ်ကြူကြူလှနဲ့ ကာကွယ်ရေးဦးစီးချုပ်ရုံးက တပ်မတော် အရာရှိကြီးတွေလည်း လိုက်ပါသွားပါတယ်။

ဒီ ချစ်ကြည်ရေးခရီးစဉ်ဟာ မြန်မာနိုင်ငံရဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တယောက် အနေနဲ့ ပထမဆုံး အကြိမ်အဖြစ် သွားတဲ့ ခရီးစဉ် ဖြစ်ပြီး ခရီးစဉ်အတွင်းမှာ နီပေါနိုင်ငံနယ်ဘက်၊ စစ်ဘက်အကြီးအကဲတွေနဲ့ တွေ့ဆုံတာ၊ နီပေါနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေကို လေ့လာတာတွေ လုပ်မယ်လို့ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013