DVB Logo
Home
မြန်မာသတင်း
ကလေးမြို့တွင် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ ကျင်းပ
DVB
·
December 10, 2017
ကလေးမြို့တွင် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ ကျင်းပ
1 / 5
Donate to DVB

 

ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ ကျရောက်တဲ့ အကြိမ် ၇၀ မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ကို ဒီနေ့မွန်းလွဲ ၁ နာရီက ကလေးမြို့ သိမ့်ခန်းမမှာ Equality Myanmar အဖွဲ့က ဦးဆောင် ကျင်းပခဲ့ပါတယ်။

ပွဲကျင်းပရခြင်းနဲ့ ပတ်သက်ပြီး ကျင်းပရေး တာဝန်ရှိသူ လူ့အခွင့်အရေးပညာပေးသူများ ကွန်ရက်က ဦးဂင်စွမ်းမောင်က “ဒေသတွင်းက CSO တွေနဲ့ အုပ်ချုပ်ရေးတာဝန်ရှိသူတွေအကြား ရင်းနှီးမှု ရရှိဖိုရယ် နိုင်ငံတော် အစိုးရက ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဖော်ဆောင်နေမှုမှာ ဒေသအသီးသီးက CSO တွေနဲ့ အုပ်ချုပ်ရေးတာဝန်ရှိသူတွေ ဌာနဆိုင်ရာ တာဝန်ရှိသူတွေ ပူးပေါင်းလက်တွဲဆောင်ရွက်မှု ပိုပြီး မြှင့်တင်နိုင်ဖို့ ရည်ရွယ်ချက်တွေနဲ့ ကျင်းပတာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

ယနေ့ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးနေ့ကို အရပ်ဘက်အဖွဲ့အစည်းတွေ၊ ဌာနဆိုင်ရာ အုပ်ချုပ်ရေး၊ တရားရေး လူကုန်တားရဲတပ်ဖွဲ့တို့အပြင် နိုင်ငံရေးအင်အားစုတွေနဲ့ ကျောင်းသားများ တက်ရောက်ခဲ့ပြီး လူ့အခွင့်အရေး ဆိုင်ရာ ဟောပြောမှုတွေအပြင် လူငယ်တွေရဲ့ဖျော်ဖြေရေးများနဲ့ပါ ထည့်သွင်း ကျင်းပခဲ့ပါတယ်။

မင်းရဲစစ်နိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013