DVB Logo
Home
မြန်မာသတင်း
လူ့အခွင့်အရေး ပညာပေးလုပ်ငန်းများ ကျောင်းသင်ရိုးညွှန်းတမ်းတွင် ပြဋ္ဌာန်းပေးရန် တောင်းဆို
DVB
·
December 10, 2017
လူ့အခွင့်အရေး ပညာပေးလုပ်ငန်းများ ကျောင်းသင်ရိုးညွှန်းတမ်းတွင် ပြဋ္ဌာန်းပေးရန် တောင်းဆို
Donate to DVB

လူ့အခွင့်အရေး ပညာပေးလုပ်ငန်းတွေကို ကျောင်းသင်ရိုးညွန်းတမ်းတွေမှာ ပြဋ္ဌာန်းပေးဖို့နဲ့ ဝန်ထမ်းနဲ့ ပြည်သူတွေအကြား ပညာပေးတာကို တိုးမြှင့်ဆောင်ရွက်ဖို့ လူ့အခွင့်အရေး လှုပ်ရှားနေတဲ့ အဖွဲ့တွေက ဒီနေ့ ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။

အပိုဒ် ၃၀ ပါတဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းကို ၁၉၄၈ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်နေ့ ကုလသမဂ္ဂညီလာခံက  ပြဋ္ဌာန်းခဲ့ပြီး အဖွဲ့ဝင်နိုင်ငံ အားလုံးဟာ ဒီကြေညာစာတမ်းရဲ့ စာသားတွေကို အများပြည်သူသိအောင် ကြေညာမယ့်အကြောင်း၊ နိုင်ငံရေးအဆင့်အတန်းကိုလိုက်ပြီး မခွဲခြားဘဲ အဓိကအားဖြင့် စာသင်ကျောင်းတွေနဲ့ ပညာရေး အဖွဲ့အစည်းတွေမှာ ဝေငှဖို့၊ မြင်သာအောင် ပြထားဖို့၊ အဓိပ္ပာယ်ရှင်းအောင် ဖော်ပြဖို့ကိုလည်း အဲဒီနေ့ ညီလာခံက ဆင့်ဆိုထားတာပါ။

ကြေညာစာတမ်းထုတ်ပြန်ခဲ့တဲ့ ဒီဇင်ဘာ ၁၀ ရက်နေ့ကို လူ့အခွင့်အရေးနေ့အဖြစ် သတ်မှတ်ပြီး အခမ်းအနားတွေ ပြုလုပ်လေ့လည်း ရှိပါတယ်။ ဒီနှစ်အတွက် လူ့အခွင့်အရေးနေ့ ဆောင်ပုဒ်ကတော့ “လူ့အခွင့်အရေးအတွက်ရပ်တည်ကြ standup4 humanrights” လို့ ဖြစ်ပါတယ်။

ရန်ကုန်နဲ့ မန္တလေးမှာလည်း အခမ်းအနားတွေ ဒီနေ့ပြုလုပ်နေပြီး အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ ကျင်းပရေး ကော်မတီ (ရန်ကုန်) က တောင်းဆိုချက် ၈ ခုကို ထုတ်ပြန်လိုက်တာပါ။

တောင်းဆိုချက်တွေထဲမှာ လူ့အခွင့်အရေးချိုးဖောက်သူတွေ ပြစ်ဒဏ်က လွတ်နေတာကို ထိထိရောက်ရောက် အရေးယူနိုင်မယ့် တရားရေးစနစ်ထူထောင်ဖို့နဲ့ ပြည်သူတွေအားကို ယုံကြည်ရမယ့် လူ့အခွင့်အရေး တိုင်ကြားမှု ယန္တရားတွေ ဆောင်ရွက်ပေးဖို့ကိုလည်း တောင်းဆို ထားပါတယ်။

ပြီးတော့ နိုင်ငံတကာ စာချုပ်စာတမ်းတွေ ဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာ ညှဉ်းပန်းနှိပ်စက်မှုဆိုင်ရာ ဆန့်ကျင်တားဆီးရေးစာချုပ် (UN CAT) နဲ့ နိုင်ငံတကာ နိုင်ငံသားနှင့် နိုင်ငံရေး အခွင့်အရေး ဆိုင်ရာ စာချုပ် (ICCPR) အပါအဝင် နိုင်ငံတကာစာချုပ်စာတမ်းတွေကို အမြန်ဆုံး အတည်ပြု လက်မှတ်ထိုးဖို့ကိုလည်း တောင်းဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013