
လူ့အခွင့်အရေးနေ့အထိမ်းအမှတ်အနေနဲ့ ရန်ကုန်မြို့ ပန်းဘဲတန်းမြို့နယ် ၂၉ လမ်း အပေါ်လမ်းမှာရှိတဲ့ နောက်ဖေးလမ်းကြားကို MasterPeace အဖွဲ့က ဒို့အိမ်စီမံကိန်းနဲ့ ပူးပေါင်းကာဆေးရောင်ခြယ် အလှဆင်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။
ဆေးရောင်ခြယ် ပန်းချီရေးဆွဲတာတွေမှာ လူ့အခွင့်အရေးနဲ့ ဆိုင်တဲ့ ပန်းချီရေးဆွဲမှုတွေကို ပြုလုပ်ခဲ့တာပါ။
အခုလိုလုပ်ဆောင်မှုကိုတော့ ဒီဇင်ဘာလ ၁၀ ရက်နေ့က ပြုလုပ်တာဖြစ်ပြီး ဆေးရောင်ခြယ်အခမ်းအနားကို မြို့နယ်က ပြည်သူ့လွှတ်တော်နဲ့ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်တွေ၊ အထွေထွေအုပ်ချူပ်ရေးမှူး၊ စည်ပင်သာယာရေးကော်မတီ၊ ရဲတပ်ဖွဲ့၊ ရပ်ကွက်အုပ်ချူပ်ရေးမှူးနဲ့ ရပ်ကွက်နေပြည်သူတွေ ပူးပေါင်းပါဝင်ခဲ့ပါတယ်။











