DVB Logo
Home
မြန်မာသတင်း
အင်းတော်တွင် ဖုန်းဆိုင်တဆိုင် ဖောက်ထွင်းခံရ
DVB
·
December 10, 2017
အင်းတော်တွင် ဖုန်းဆိုင်တဆိုင် ဖောက်ထွင်းခံရ
1 / 4
Donate to DVB

 

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် အင်းတော်မြို့ အောင်မေတ္တာရပ်ကွက်ရှိ အကယ်ဒမီလင့်ခ်ဖုန်းဆိုင်မှာ ဒီဇင်ဘာ ၁၀ ရက်နေ့က ကျပ်သိန်း ၄၀ နီးပါးတန်ဖိုးရှိ ဖုန်းနဲ့ဆက်စပ်ပစ္စည်းတွေ ဖောက်ထွင်းခိုးယူခံခဲ့ရတယ်လို့ အကယ်ဒမီလင့်ခ် ဖုန်းဆိုင်ပိုင်ရှင် ကိုအောင်လွင်ဦး ပြောပါတယ်။

“ကျနော်ဆိုင်မှာ တံခါးသော့ကို သော့လေးလုံးခတ်ထားတာပါ။ ဆိုင်မှာ လူစောင့် မအိပ်ပါဘူး။ ဖောက်ထွင်းခံရတဲ့ မနက်က ကျနော့်ဆိုင်အလုပ်သမားက မနက် ဆိုင်လာဖွင့်တဲ့ အချိန် တံခါးတွေ ပျက်စီးနေတာတွေ့တယ်လို့ ကျနော်ကိုအကြောင်းကြားလို့ လာကြည့်တော့ HUAWEI ဖုန်း (၆) လုံး၊ ရှောင်းမီဖုန်း (၇)၊ OPPO ဖုန်း (၁) လုံးနဲ့အခြားဖုန်း အမျိုးအစား (၉)လုံး စုစုပေါင်း ဖုန်း ၂၃ လုံး ကာလတန်ဖိုးကျပ်သိန်း ၃၈၃၂၀၀၀ ပျောက်ဆုံးနေတာတွေ့ရပါတယ်။”

ဒီဇင်ဘာ ၃ ရက်နေ့ကလည်း အင်းတော်မြို့ အောင်မေတ္တာရပ်ကွက်ရှိ ကမ္ဘာသစ် ဖုန်းဆိုင် ဖောက်ထွင်းခိုးယူခံရမှုဖြစ်ပွားခဲ့ပြီး ဒီဇင်ဘာ ၁၀ ရက်နေ့မှာ အကယ်ဒမီလင့်ခ် ဖုန်းဆိုင် ဖောက်ထွင်းခံရတာ ဖြစ်ပါတယ်။

အင်းတော်မြို့မရဲစခန်းမှ အကယ်ဒမီလင့်ခ်ဖုန်းဆိုင် ဖောက်ထွင်းခံရမှုကို (ပ)၁၉၀/၂၀၁၇ ရာဇသတ်ကြီး ပုဒ်မ ၃၈၀ အရ အရေးယူဆောင်ရွက်နေပြီး တရားခံဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးဆောင်ရွက်နေတယ်လို့ အင်းတော်မြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်အောင်အောင်က ပြောပါတယ်။

သတင်း - ကိုကိုလင်း(အင်းတော်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013