DVB Logo
Home
မြန်မာသတင်း
အသက်မပြည့် စိတ်ဝေဒနာရှင် မိန်းကလေးငယ်အား အဓမ္မပြုကျင့်မူ ဖြစ်ပွား
DVB
·
December 10, 2017
အသက်မပြည့် စိတ်ဝေဒနာရှင် မိန်းကလေးငယ်အား အဓမ္မပြုကျင့်မူ ဖြစ်ပွား
Donate to DVB

ပဲခူးတိုင်းဒေသကြီးအနောက်ခြမ်း၊ သာယာဝတီခရိုင် လက်ပံတန်းမြို့နယ်၊ အောင်လံကုန်းကျေးရွာအုပ်စု ညောင်လေးပင်ကျေးရွာမှာ အသက်မပြည့်တဲ့ စိတ်ဝေဒနာရှင် မိန်းကလေးငယ် အဓမ္မပြုကျင့်ခံရလို့ မိခင်ဖြစ်သူ ဒီဇင်ဘာ ၈ ရက်မှာ အမှုလာဖွင့်တယ်လို့ ခမုံနယ်မြေ ရဲစခန်းက ပြောပါတယ်။

“မိဘတွေက တောင်ယာအလုပ်လုပ်တယ်၊ တောင်ယာလုပ်ကိုင်ဖို့ နေ့စဉ်သမီးဖြစ်သူ မ---(၁၂) နှစ်ကို နေအိမ်ခြံချင်းကပ် တရားခံ ကျော်လှိုင်ရဲ့ နေအိမ်မှာ အပ်ထားခဲ့တာပေါ့နော်။ တစ်ရွာတည်းသာခြင်းဆိုတော့ထားပြီးအလုပ်လုပ်တာပေါ့ လချီနေပြီ။ မိခင်ဖြစ်သူက သမီးကို မသင်္ကာလို့ ညောင်လေးပင် ကျေးရွာ ဆေးခန်းကို သွားပြရာ သမီးဖြစ်သူမှာ ကိုယ်ဝန် ၅ လရှိနေပြီဖြစ်ကြောင်း သိရတာ။ မိခင်ဖြစ်သူက မေးမြန်ရာ ကျော်လှိုင်က သားမယားအဖြစ်ပြုကျင့်နေပြီမှာ ကြာပြီးဖြစ်ကြောင်း အခြားသူတွေကို ပြန်ပြောရင် ဓားနဲ့ခုတ်လို့ ပြောထားတယ်ဆိုပြီး ကလေးမက ပြန်လည်ပြောပြတယ်” လို့ ဦးလေးတော်စပ်သူ ဦးသန့်ဇင်က ဒီဗွီဘီကို ပြောပါတယ်။

မိခင်ဖြစ်သူက တရားလိုပြုလုပ်ပြီး ခမုံရဲစခန်းမှာ အမှုဖွင့်တိုင်ကြားခဲ့လို့ ကျော်လှိုင် ၂၈ နှစ်အား ရာဇသတ်ကြီး ပုဒ်မ ၃၇၆/၃၆၃ နဲ့ ခမုံ နယ်မြေရဲစခန်းမှ ရဲအုပ်ဝင်းလှိုင်က အရေးယူဆောင်ရွက်ထားကြောင်း သိရပါတယ်။

သတင်း- မေသွယ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
အသက်မပြည့် စိတ်ဝေဒနာရှင် မိန်းကလေးငယ်အား အဓမ္မပြုကျင့်မူ ဖြစ်ပွား