DVB Logo
Home
မြန်မာသတင်း
MPT ငွေဖြည့်ကတ်ရာင်းရငွေ မအပ်သည့် ကုမ္ပဏီဝန်ထမ်းကို အမှုဖွင့်
DVB
·
December 10, 2017
MPT ငွေဖြည့်ကတ်ရာင်းရငွေ မအပ်သည့် ကုမ္ပဏီဝန်ထမ်းကို အမှုဖွင့်
Donate to DVB

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ် မြန်မာပိတောက်ကုမ္ပဏီရုံးခွဲ အရောင်းစာရေးဝန်ထမ်းကို MPT ငွေဖြည့်ကတ်တွေထုတ်ယူသွားပြီး ရောင်းရငွေမသွင်းဘဲ တိမ်းရှောင်နေလို့ ဒီဇင်ဘာလ ၈ ရက်ညနေက အမှုလာဖွင့်တယ်လို့ သာစည်မြို့မရဲစခန်းက တာဝန်ကျ ရဲအရာရှိက ပြောပါတယ်။

ဖြစ်စဉ်မှာ နေပြည်တြော်မန်မာပိတောက်ကုမ္ပဏီက သာစည်ရုံးခွဲအတွက် အရောင်းစာရေးဝန်ထမ်းအဖြစ် မျိုးလွင်ဦးကိုခန့်အပ်ခဲ့တယ်။ ဒီဇင်ဘာ ၄ ရက်နေ့မှာ ရောင်းချပေးဖို့ MPT ငွေဖြည့်ကတ်မျိုးစုံ ၆၉၃ ကတ် တန်ဖိုးငွေ ၈ သိန်းခွဲကျော် ငွေမသွင်းတဲ့ အတွက် လိုက်လံစုံစမ်းရှာဖွေရာ တိမ်းရှောင်နေခဲ့လို့ အမှုလာဖွင့်တယ်လို့ သာစည်မြို့မရဲစခန်းက ရဲအရာရှိက ပြောပါတယ်။

သာစည်မြို့မ ရဲစခန်း ဒုရဲအုပ်အောင်လှိုင်ဋ္ဌေးက “မြန်မာပိတောက်ကုမ္ပဏီက ကိုအောင်တေဇာထက်က တရားလိုလုပ်တယ်။ ငွေဖြည့်ကတ်ဖိုးတွေ လာမပေးလို့ လိုက်ရှာတာ ရှောင်တိမ်းနေလို့ ဒီနေ့ပဲအမှုလာဖွင့်တယ်"လို့ ပြောပါတယ်။

သာစည်မြို့မရဲစခန်းက မျိုးလွင်ဦးကို ရာဇဝတ်မကင်းသော ယုံကြည်အပ်နှံဖောက်ဖျက်မှု ရာဇသတ်ကြီးပုဒ်မ-၄၀၈ နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013