DVB Logo
Home
မြန်မာသတင်း
ရခိုင်အကြံပြုချက်များ အကောင်အထည်ဖော်ရေး ကော်မတီ၏ အကြံပေးအဖွဲ့ ဖွဲ့စည်း
DVB
·
December 9, 2017
ရခိုင်အကြံပြုချက်များ အကောင်အထည်ဖော်ရေး ကော်မတီ၏ အကြံပေးအဖွဲ့ ဖွဲ့စည်း
Donate to DVB

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်တွေအပေါ် အကောင်အထည်ဖော်ရေး ကော်မတီရဲ့ အကြံပေးအဖွဲ့ကို သမ္မတ ဦးထင်ကျော်က ဖွဲ့စည်းပေးလိုက်ပါတယ်။
မောင်တောဒေသ စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အစီရင်ခံစာနဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်တို့ရဲ့  အပြီးသတ်အစီရင်ခံစာပါ အကြံပြုချက်တွေကို အကောင်အထည်ဖော်ဖို့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီကို  ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက သမ္မတက ဖွဲ့စည်းပေးခဲ့တာပါ။
အဲဒီအဖွဲ့မှာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးက ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ပြီး ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နဲ့ တခြားဝန်ကြီးဌာနတွေက အမြဲတမ်းအတွင်းဝန်တွေ ပါဝင်ပါတယ်။
ရခိုင်ပြည်နယ်ဆိုင်ရာ ကော်မရှင်တွေရဲ့ အကြံပြုချက်တွေနဲ့ ပတ်သက်ပြီး ဆောင်ရွက်ရာမှာ မြေပြင်အခြေအနေပေါ် မူတည်ပြီး ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်ဖို့ လိုအပ်တဲ့ အကြံဉာဏ်တွေ ရယူနိုင်ဖို့ ပြည်တွင်း ပြည်ပ ပညာရှင်တွေပါတဲ့ အကြံပေးအဖွဲ့ကို ဖွဲ့ပေးလိုက်တာ ဖြစ်ပါတယ်။

ဒီအဖွဲ့မှာ ပြည်ပက ပညာရှင် ၅ ယောက်၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမြ အပါအဝင် ပြည်တွင်း ပညာရှင် ၅ ယောက်နဲ့ ဖွဲ့ထားတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013