DVB Logo
Home
မြန်မာသတင်း
ဆိုင်ကယ်နှင့်သုံးဘီးယာဉ် တိုက်မိ၊ တပ်မတော်အရာရှိတဦး သေဆုံး
DVB
·
December 9, 2017
ဆိုင်ကယ်နှင့်သုံးဘီးယာဉ် တိုက်မိ၊ တပ်မတော်အရာရှိတဦး သေဆုံး
Donate to DVB

မိတ္ထီလာမြို့နယ် ရန်ကုန်-မန္တလေးလမ်းဟောင်း မိုင်တိုင် ၃၃၇/၁ နဲ့ ၂ အကြားမှာ ဒီနေ့ မနက်ပိုင်းက သုံးဘီးယာဉ်နဲ့ ဆိုင်ကယ်တိုက်မိရာ တပ်မတော်အရာရှိတဦး သေဆုံးပြီး တပ်သားတဦး ဒဏ်ရာရရှိခဲ့တယ်လို့ မိတ္ထီလာမြို့မရဲစခန်း တာဝန်ကျ ရဲအရာရှိက ပြောပါတယ်။

ဖြစ်စဉ်မှာ ပျော်ဘွယ်မြို့နယ်၊ ယင်းတော်ရွာ ခမရ(၄၁၈)မှ အသက် ၂၁ နှစ် ရှိ ဗိုလ်ချမ်းမြေ့အောင် မောင်းပြီး နောက်ခုံမှာ တပ်သားခိုင်မျိုးထွန်း စီးလာတဲ့ ဆိုင်ကယ်နဲ့ ကိုလင်း မောင်းနှင်လာတဲ့ သုံးဘီးယာဉ်တို့ မိတ္ထီလာဇွဲရုံအနီး ရေစင်ကြီးအကွေ့နားမှာ ဗိုလ်ချမ်းမြေ့အောင်တို့ဆိုင်ကယ်က အကွေ့ကိုအရှိန်လွန်ပြီး တဖက်ယာဉ်ကြောထဲ ရောက်သွားကာ လမ်းပြောင်းပြန်ဖြစ်ပြီး တိုက်မိကြတယ်လို့ မိတ္ထီလာမြို့မရဲစခန်း တာဝန်ကျအရာရှိက ပြောပါတယ်။

မြို့မရဲစခန်း ဒုရဲအုပ်အောင်သူမင်းက “ဗိုလ်ချမ်းမြေ့အောင်ကတော့ အခင်းဖြစ်နရာမှာပဲ သေဆုံးတယ်။ တပ်သားခိုင်မျိုးထွန်းကတော့ နှာခေါင်းက သွေးထွက်တယ်။ ညာခြေသလုံးရောင်တဲ့ ဒဏ်ရာရတယ်။ မစိုးရိမ်ရပါဘူး။ မိတ္ထီလာဆေးရုံ ပို့ပေးရတယ်” လို့ ပြောပါတယ်။

မိတ္ထီလာမြို့မရဲစခန်းက ဗိုလ်ချမ်းမြေ့အောင်ကို ယာဉ်မဆင်မခြင်မောင်းလို့ လူသေမှု၊ ပြင်းထန်ဒဏ်ရာရမှု ရာဇသတ်ကြီးပုဒ်မ-၃၀၄-က/၃၃၈ နဲ့ အမှုဖွင့် ထားတယ်လို့ သိရပါတယ်။

သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013