DVB Logo
Home
မြန်မာသတင်း
မြင်းခြံတွင် ရှင်အဇ္ဇဂေါဏ အမည်ဖြင့် ငွေလိမ်လည်သူအား ဖမ်းဆီး
DVB
·
December 9, 2017
မြင်းခြံတွင် ရှင်အဇ္ဇဂေါဏ အမည်ဖြင့် ငွေလိမ်လည်သူအား ဖမ်းဆီး
Donate to DVB

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့မှာင ရှင်အဇ္ဇဂေါဏ အမည်နဲ့ ဆင်းရဲသားမွဲတေပပျောက်ရေး အသင်းဆိုပြီး ငွေကြေးလိမ်လည်သူအား ဒီဇင်ဘာ ၈ ရက်နေ့ ည က ဖမ်းဆီးခဲ့တယ်လို့ မြင်းခြံမြိုမ ရဲစခန်းက သိရပါတယ်။

တရားလိုဖြစ်တဲ့ မြင်းခြံမြို့ အမှတ် ၆ ရပ်ကွက်နေထိုင်သူ ဦးသန့်ဇင်က ရှင်အဇ္ဇဂေါဏ မြင်းခြံမြို့ အမှတ် (၆) ရပ်ကွက်နေ အမည်နဲ့ ဦးဝင်းမင်းသန့် (ခ) ဦးသန့်အား ဗုဒ္ဓဘာသာ အဆောက်အဦတွေကို အသုံးပြုပြီး ဗုဒ္ဓဘာသာယုံကြည်သူတွေဆီကနေ ဘာသာတရားကိုအသုံးချပြီး ငွေကြေး လိမ်လည်ရယူခဲ့ကြောင်း တိုင်ကြားခဲ့တာလည်း ဖြစ်ပါတယ်။

ဖြစ်စဉ်မှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၁ ရက်နေ့က ဦးဝင်းမင်းသန့်ဟာ တရားလို ဦးသန့်ဇင်အား ငါးထပ်ကြီးဘုန်းကြီးကျောင်းကို လာရောက်ဖို့ ဖုန်းဆက်ခေါ်ဆောင်ပြီး သူဟာ ဗိုလ်သင်တန်းကျောင်းမှ ပြုတ်လာသူဖြစ်ပြီး၊ သင်တန်းအပတ်စဉ်တူ ဦးရေ ၃၀၀၀ က တဦးလျှင် ငွေ ၅၀၀၀ နှုန်းနဲ့ ၃လစာ ၁၅ သိန်းကျပ် လှူဒါန်းလိုက်ကြောင်း၊ သူ့မှာ ငွေကျပ် သိန်း ၄၀၀၀၀  ရှိကြောင်း ယုံကြည်အောင်ပြောဆိုပြီး၊ ရှင်အဇ္ဇဂေါဏ ဆင်းရဲသားမွဲတေ ပပျောက်ရေးအသင်း ထူထောင်ပြီး အသင်းဝင်သူတိုင်း အသင်းဝင်ကြေး ၃၅၀၀ ကျပ် အရင်ပေးသွင်းရပြီး၊ ငွေပေးသွင်းသူတိုင်းကို ပထမလ ၅၀၀၀ ကျပ်၊ ဒုတိယလ ၁၀၀၀၀၀ ကျပ်၊ တတိယလ ၂၀၀၀၀၀ ကျပ်၊ စုစုပေါင်း ၃လအတွက် ၃၀၅၀၀၀ ကျပ်အား ပြန်လည်ထုတ်ပေးမယ်ဆိုပြီး ဘာသာရေးကို အကြောင်းပြုပြီး ယုံကြည်အောင်ပြောဆိုစည်းရုံးခဲ့တယ်လို့ ဆိုပါတယ်။

တရားလိုအပါအဝင် လူအယောက် ၄၀ တို့ဟာ ကုန်ပစ္စည်းအပါအဝင် ငွေကျပ် သိန်း ၂၀ လောက် ပေးသွင်းထားခဲ့ကြပေမယ့် ဦးဝင်းမင်းသန့်က ထုတ်ပေးရမယ့် ငွေကြေးကို မပေးတဲ့အပြင် ဝတ်ဖြူစင်ကြယ်ဝတ်ပြီး ဗုဒ္ဓဘာသာ၊ ရဟန်းသံဃာတော်တွေ၊ သီလရှင်တွေပါမကျန် အကြောင်းအမျိုးမျိုးပြကာ ငွေကြေးလိမ်လည်နေလို့ တရားလိုဖြစ်သူ ဦးသန့်ဇင်က အမှုဖွင့်တိုင်ကြားခဲ့တယ်လို့ မြို့မ ရဲစခန်းက သိရပါတယ်။

အရှင်အဇ္ဇဂေါဏ. (ဆင်းရဲသားပပြောက်ရေးအသင်း) အမည်နဲ့ ငွေကြေးလိမ်လည်သူ ဦးဝင်းမင်းသန့်ကို မြင်းခြံမြို့ ရဲစခန်းမှ ရဲအုပ် မျိုးလွင်က ရာဇသတ်ကြီးပုဒ်မ ၄၂၀/၂၉၅-က တို့နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ မြင်းခြံမြို့ရဲစခန်း တာဝန်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

သတင်း-ရီရီထွန်း(မြင်းခြံ)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013