DVB Logo
Home
မြန်မာသတင်း
စစ်တောင်း စက္ကူစက်ရုံဝန်ထမ်း ၂၄၀ ခန့် အလုပ်အကိုင် ပြန်ရရေး ဆန္ဒပြ
DVB
·
December 9, 2017
စစ်တောင်း စက္ကူစက်ရုံဝန်ထမ်း ၂၄၀ ခန့် အလုပ်အကိုင် ပြန်ရရေး ဆန္ဒပြ
Donate to DVB

သိမ်ဇရပ်မြို့နယ် စစ်တောင်းစက္ကူစက် ပိတ်သိမ်းလိုက်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး စက္ကူစက်ရုံဝန်ထမ်း ၂၄၀ ကျော်ခန့်က အလုပ်အကိုင် ပြန်လည်ရရှိရေးအတွက် ဒီနေ့မနက် ၈ နာရီလောက်က ဆန္ဒဖော်ထုတ်ပွဲတရပ်ကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ဆန္ဒပြပွဲမှာ ဒေသအတွင်း အလုပ်အကိုင်ရရှိရေး၊ အိမ်ရာနေထိုင်မှု ခိုင်မြဲရေး၊ လစာမပျက်ရရှိရေး၊ ပြည်နယ်အစိုးရအဖွဲ့မှ ညှိနှိုင်းပေးရေးနဲ့ ရွှေသံလွင် ကုမ္ပဏီရဲ့ ပျက်ကွက်မှုအပေါ် အရေးယူပေးရေး စတဲ့ ဗီနိုင်းတွေကိုင်ဆောင်ပြီး ကြွေးကြော်ခဲ့ကြတာပါ။

“ဒီစက်ရုံက ရွှေသံလွင်ကုမ္ပဏီက လွှဲပြောင်းလုပ်ကိုင်တဲ့ အချိန်ကစပြီးတော့ အရင်အစိုးရလက်ထက်က ကတိကဝတ်တွေအများကြီး ကျွန်တော်တို့ ဝန်ထမ်းတွေကိုပေးခဲ့ပြီးမှ ကျနော်တို့ နိုင်ငံ့ဝန်ထမ်းကနေ ကုမ္ပဏီဝန်ထမ်းဖြစ်ခဲ့ရတယ်။ ကုမ္ပဏီကလည်း ဘာတွေပြောခဲ့လဲဆိုလို့ရှိရင် သူတို့ကုမ္ပဏီမှာ စစ်တောင်းစက္ကူစက်က ဝန်ထမ်းတွေ အလုပ်ကို စဉ်ဆက်မပြတ်လုပ်ခွင့်ရမယ်။ နောက်ဆုံး ဘယ်လိုပြောခဲ့လဲဆိုရင် အသက် ၆၀ ပြည့်တဲ့အထိကို တာဝန်ထမ်းဆောင်ခွင့်ရမယ်။ သူတို့ကုမ္ပဏီကြောင့် ဒီကဝန်ထမ်းတွေ နစ်နာသွားတာ၊ အလုပ်ပြုတ်သွားတာ၊ ဒုက္ခရောက်သွားတာ မဖြစ်စေရဘူးလို့ ပြောခဲ့ပါတယ်။ အခုကျနော်တို့ ဆန္ဒဖော်ထုတ်တာကလည်း အဲဒီ ကတိကဝတ်တွေကို ပြောခဲ့ပြီးမှ အမှတ်မထင် လစာတွေရပ်ဆိုင်းတယ်။ ဥပဒေအတိုင်း နစ်နာကြေးကိုပေးပြီး လစာတွေရပ်ဆိုင်းမယ်ဆိုပြီး လုပ်တော့ ဒီကိစ္စအပေါ် ကျနော်တို့ ၀န်ထမ်းထုကက ကြေလည်မှုမရှိဘူး။ ဒါကြောင့် ကျနော်တို့က ဆန္ဒဖေါ်ထုတ်ရတာဖြစ်တယ်” လို့ ဆန္ဒပြပွဲမှာ ပါဝင်တဲ့ အလုပ်ရုံစိတ်မှူး ဦးဆန်းဝင်း က ပြောပါတယ်။

ဒါ့အပြင် လက်ရှိအစိုးရမှာ မိမိတို့တင်ထားတဲ့ အစိုးရဖြစ်တဲ့အတွက် ဝန်ထမ်းတွေနဲ့ ညှိနှိုင်းတိုင်ပင်ဆောင်ရွက်ရင် အဆင်ပြေနိုင်မှာဖြစ်ပြီး အခုလို တောင်းဆိုချက်တွေနဲ့ ပတ်သက်လို့ ပြည်နယ်အစိုးရအနေနဲ့ တစုံတရာ ကူညီဖြေရှင် ဆောင်ရွက်ပေးတာ မရှိဘူးဆိုရင် ထပ်မံပြီး ဆန္ဒဖော်ထုတ်သွားဖို့ရှိတယ်လို့လည်း ပြောပါတယ်။

အဆိုပါ ဆန္ဒပြပွဲကို စစ်တောင်းစက္ကူစက်ရုံမှ ဝန်ထမ်းဟောင်းတွေ ဖြစ်ကြတဲ့ ဒုစက်ရုံမှူးဟောင်း ဒေါ်တင်အုန်းကြည် အပါအဝင် ဝန်ထမ်းဟောင်း ၂၄၀ လောက်က စစ်တောင်းစက္ကူစက်ရုံရှေ့က စတင်ပြီး ဗိုလ်တေဇလမ်းတလျှောက်နဲ့ နဝရတ်ဘောလုံးကွင်းကနေ စစ်တောင်း စက္ကူစက်ရုံကို လမ်းလျှောက်ပြီး စီတန်းလှည့်လည်ကာ ၉ နာရီခွဲ အထိ စုပေါင်းဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

အဆိုပါ စစ်တောင်း စက္ကူစက်ရုံဟာ နိုဝင်ဘာ ၃၀ ရက်နေ့က စက်ရုံပိတ်သိမ်းကြောင်း ထုတ်ပြန်ခဲ့ပြီး လက်ရှိ ဝန်ထမ်းတွေကို အလုပ်ရပ်စဲမှု အတွက် နစ်နာကြေး ၃ လစာ နို့တစ်ကြေး ၁ လစာ လုပ်သက်ခံစားခွင့် ၁ လစာ စုစုပေါင်း ၅ လစာ ကို စက်ရုံဝန်ထမ်းတွေအတွက် နစ်နာကြေး ပေးသွားဖို့ရှိတယ်လို့ နိုဝင်ဘာ ၃၀ ရက်နေ့က ထုတ်ပြန်ခဲ့တာ ဖြစ်ပြီး စက်ရုံမှာ လုပ်ကိုင်နေတဲ့ ဝန်ထမ်းပေါင်း ၄၇၃ ဦး လောက် ရှိတယ်လို့လည်း သိရပါတယ်။

ဟိန်းထက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013