DVB Logo
Home
မြန်မာသတင်း
စိတ်ဓာတ်အင်အား မွေးမြူကြရန် လူငယ်လုပ်ငန်းရှင်များကို အတိုင်ပင်ခံ တိုက်တွန်း
DVB
·
December 9, 2017
စိတ်ဓာတ်အင်အား မွေးမြူကြရန် လူငယ်လုပ်ငန်းရှင်များကို အတိုင်ပင်ခံ တိုက်တွန်း
Donate to DVB

လူငယ်လုပ်ငန်းရှင်တွေအနေနဲ့ တခြားနိုင်ငံတွေမှာ မရှိသေးတဲ့ အင်အားတွေကို ရှိအောင်လုပ်ကြဖို့နဲ့ စိတ်ဓာတ်အင်အားတွေကို တခြားနိုင်ငံတွေနဲ့ မတူအောင် မွေးမြူကြဖို့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်က တိုက်တွန်းလိုက်ပါတယ်။

ဒီနေ့မနက်ပိုင်းက နေပြည်တော်မှာ ပြုလုပ်တဲ့ လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်တွေရဲ့ ဒုတိယအကြိမ်မြောက် ဆွေးနွေးပွဲမိန့်ခွန်းမှာ ပြောခဲ့တာပါ။

“ကျမတို့အနေနဲ့ တခြားနိုင်ငံတွေမှာ မရှိသေးတဲ့ အင်အားတွေကို ရှိအောင်လုပ်ရပါလိမ့်မယ်။ တခြားနိုင်ငံတွေမှာ ရှိပြီးသား အင်အားတွေ ဖြစ်တဲ့ စီးပွားရေး အင်အား၊ ပညာအင်အား၊ ကျန်းမာရေး အင်အား ဒါတွေအပြင် ကျမတို့ စိတ်ဓာတ်အင်အားတွေကို တခြားနိုင်ငံတွေနဲ့ မတူအောင်လို့ မွေးမြူနိုင်မှ တခြားနိုင်ငံတွေကို မီရုံတင်မက ကျော်သွားနိုင်မှာ ဖြစ်ပါတယ်။ ဒီကိစ္စကို ကျမတို့ လူငယ်များ လေးလေးနက်နက် စဉ်းစားစေချင်ပါတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ အာဆီယံထိပ်သီးအစည်းအဝေးမှာ အာဆီယံ စွန့်ဦးတီထွင် လုပ်ငန်းရှင်တွေကို လမ်းညွှန်ပေးတဲ့ ကွန်ရက်ကို ဖွဲ့စည်းခဲ့ပါတယ်။ ဒါ့ကြောင့် မြန်မာနိုင်ငံက လူငယ်လုပ်ငန်းရှင်တွေ အနေနဲ့ အာဆီယံဒေသတွင်းမှာ အောင်မြင်နေတဲ့ လုပ်ငန်းရှင်တွေဆီက အကြံဉာဏ်တွေ၊ အထောက်အအပံ့တွေ ရနိုင်မယ့် လမ်းညွှန်ပေးမယ့်သူတွေရဲ့ ကွန်ရက်တခု တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။ ဒီလိုမျိုးကို နိုင်ငံတွင်းမှာလည်း တည်ထောင်ဖို့ ဒေါ်အောင်ဆန်းစုကြည်က အကြံပြုပါတယ်။

“မြန်မာနိုင်ငံအတွင်းမှာလည်း အောင်မြင်ပြီးတဲ့ လုပ်ငန်းရှင်ကြီးတွေအနေနဲ့ အခုမှ လုပ်ငန်းစတင်နေတဲ့ လူငယ်လုပ်ငန်းရှင် အသစ်တွေကို အားပေးကူညီနိုင်ဖို့ လမ်းညွှန်ပေးသူရဲ့ ကွန်ရက်တခု တည်ထောင်သင့်ပါတယ်လို့ ကျမ ပြောကြားလိုပါတယ်”

အိမ်နီးချင်းနိုင်ငံတွေမှာဆိုရင် လုပ်ငန်းသစ်တွေကို ကူညီတဲ့ ဗဟိုဌာနရှိပြီး မြန်မာနိုင်ငံမှာလည်း လိုအပ်တယ်လို့ သူက ဆက်ပြောပါတယ်။

စွန့်ဦးတီထွင် ကဏ္ဍအတွက် အစိုးရနဲ့  ပုဂ္ဂလိကတွေ ပုံမှန်တွေ့ဆုံ ဆွေးနွေးနိုင်ဖို့လည်း သက်ဆိုင်ရာ ဝန်ကြီးဌာနတွေက ဆောင်ရွက်ပေးနေတာ  လူငယ်တွေကို အသိပေး ပြောလိုပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013