DVB Logo
Home
မြန်မာသတင်း
အဓမ္မပြုကျင့်ခံရသည့် မိန်းကလေးအား ကျောက်ထုတ်လုပ်ငန်းရှင်များအသင်းမှ ကူညီထောက်ပံ့
DVB
·
December 9, 2017
အဓမ္မပြုကျင့်ခံရသည့် မိန်းကလေးအား ကျောက်ထုတ်လုပ်ငန်းရှင်များအသင်းမှ ကူညီထောက်ပံ့
Donate to DVB

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ မိုးနှိုင်းရပ်ကွက်၊ စွယ်တော်ပိုင်းရှိ မဟာအောင်ပွင့်ကောင်း ကျောက်ထုတ်လုပ် ရောင်းဝယ်ရေးလုပ်ငန်းမှာ အလိုမတူဘဲ အဓမ္မပြုကျင့်ခံရတဲ့ မိန်းကလေးငယ်အတွက် ကျောက်ထုတ်လုပ်ငန်းရှင်းများအသင်းက ငွေကျပ် ၈ သိန်း ကူညီထောက်ပံ့ခဲ့ပါတယ်။

နိုဝင်ဘာလ ၂၄ ရက်နေ့က ကျောက်မိုင်းလုပ်သား မိန်းကလေးငယ်တဦးကို ကျောက်စက်မောင်းသူ သန်းဇော်(ခ)ဖိုးလုံး ၃၁ နှစ်က အလိုမတူဘဲ အဓမ္မပြုခဲ့တာပါ။

မြန်မာနိုင်ငံဆောက်လုပ် ရေးလုပ်ငန်းသုံး ခွဲကျောက်ထုတ်လုပ်ရောင်းချသူ လုပ်ငန်းရှင်များ အသင်းချုပ် (MQPSA) နဲ့ မွန်ပြည်နယ်(ပေါင်းအားမာန်)ကျောက်ထုတ်လုပ်ငန်းရှင်များ ကုန်ထုတ်သမ၀ါယမအသင်း လီမိတက်တို့က လူမှုရေးကူညီထောက်ပံ့ငွေကျပ် ၈ သိန်းကို ဒီဇင်ဘာ ၈ ရက်နေ့၊ မွန်းလွဲပိုင်းက မိုးနိုင်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ လာရောက်ပေးအပ်ခဲ့ကြတယ်လို့ သိရပါတယ်။

ပြစ်မှုကျူးလွန်ခဲ့သူမှာ ကျနော်တို့နဲ့သက်ဆိုင်ခြင်းမရှိ၍ ဥပဒေရဲ့အဆုံးအမကို ခံယူရမည်ဖြစ်ကာ ကလေးရဲ့မိသားစုနဲ့ ကလေးရဲ့အပေါ်မှာလည်း သားသမီးချင်း၊ ညီမချင်း၊ တူမချင်းကိုယ်ချင်းစာပြီးတော့ လူမှုရေးကူညီရေးငွေ လာရောက်ထောက်ပံ့ရခြင်းဖြစ်ကြောင်း စုပေါင်းအားမာန် ကျောက်ထုတ်လုပ်ငန်းရှင်များ ကုန်ထုတ်သမ၀ါယမ အသင်းလီမိတက် ဥက္ကဋ္ဌ ဦးခင်မောင်ကျော်က အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းသုံး ခွဲကျောက်ထုတ်လုပ်ရောင်းချသူ လုပ်ငန်းရှင်များ အသင်းချုပ်(MQPSA) ၏ ဘဏ္ဍာရေးမှူး ဒေါ်လဲ့လဲ့မွန်ထွန်းက “ကလေးလေးရဲ့ သတင်းကို အန်တီတို့က လူမှုကွန်ရက် စာမျက်နှာမှာ ဖတ်လိုက်ရကတည်းက ဒီမိသားစုက ဒုက္ခရောက်နေတယ်။ လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့ကတည်းက ကလေးမလေးရော ကျောက်မိုင်းပိုင်ရှင်တွေရော နစ်နာတာပါ။ တရားခံကတော့ သူ့ဟာသူ တရားဥပဒေရဲ့ အပြစ် ပေးတာကို ခံယူလိမ့်မယ်။ လက်ရှိဒီကလေးတရားရုံးမှာ အမှုရင်ဆိုင်နေရတဲ့အချိန် အကြပ်အတည်းဖြစ်မှာစိုးလို့ ကူညီချင်တာကြောင့် ခုလိုကူညီထောက်ပံ့ရတာပါ။ တခြားဘာရည်ရွယ်ချက်မှ မရှိပါဘူး” လို့ ပြောပါတယ်။

ကျောက်စက်မောင်းသူ သန်းဇော်(ခ)ဖိုးလုံး ၃၁ နှစ်ကို အလိုမတူဘဲ သားမယားပြုကျင့်မှုနဲ့ ပေါင်မြို့မရဲစခန်းက မုဒိမ်းမှု ပုဒ်မ-၃၇၆၊ လူခိုးမှု ပုဒ်မ-၃၆၃ နဲ့ အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သိရပါတယ်။

သတင်း-ယူမင်းစိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013