DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံဟာ နိုင်ငံတကာအကြမ်းဖက်အုပ်စုများ၏ ဂျီဟတ်တိုက်ခိုက်မှုအန္တရာယ်ရှိနေဟု အိုင်စီဂျီအဖွဲ့သတိပေး
DVB
·
December 9, 2017
မြန်မာနိုင်ငံဟာ နိုင်ငံတကာအကြမ်းဖက်အုပ်စုများ၏ ဂျီဟတ်တိုက်ခိုက်မှုအန္တရာယ်ရှိနေဟု အိုင်စီဂျီအဖွဲ့သတိပေး
Donate to DVB

မြန်မာနိုင်ငံဟာ ARSA အကြမ်းဖက်သမားတွေနဲ့ နိုင်ငံတကာအကြမ်းဖက်အုပ်စုတွေနဲ့ နိုင်ငံဖြတ်ကျော် ဂျီဟတ်အကြမ်းဖက်တိုက်ခိုက်မှု အန္တရာယ်နဲ့ ရင်ဆိုင်နေရတယ်လို့ ဘယ်လ်ဂျီယံ နိုင်ငံ ဘရပ်ဆဲလ်မြို့အခြေစိုက် နိုင်ငံတကာ ပဋိပက္ခလေ့လာစောင့်ကြည့်ရေးအဖွဲ့ (အိုင်စီဂျီ)က သတိပေးလိုက်ပါတယ်။

“မြန်မာပြည်ရဲ့ရိုဟင်ဂျာအကျပ်အတည်းဟာ  အန္တရာယ်ရှိတဲ့ အဆင့်သစ်တခုကို ချဉ်းနင်း ၀င်ရောက်လာနေတယ်”လို့ အမည်ပေးထားတဲ့ အစီရင်ခံစာတစ်စောင်ကို ဒီဇင်ဘာ ၇ ရက်နေ့စွဲနဲ့  အိုင်စီဂျီအဖွဲ့က ထုတ်ပြန်လိုက်တာပါ။

ARSAအဖွဲ့ရဲ့ တိုက်ခိုက်မှုအသစ်တွေဟာ အကြမ်းဖက်မှုအသစ်တွေ ထပ်ဖြစ်အောင်တွန်းပို့နေပြီး နောက်ဆုံးမှာ နိုင်ငံတကာ ဂျီဟတ်အုပ်စုတွေဟာ မြန်မာပြည်အတွက် ကြီးမားတဲ့ လုံခြုံရေးဆိုင်ရာခြိမ်းခြောက်မှု ဖြစ်စေမယ်၊ အယ်လ်ကိုင်းဒါး၊ အိုင်အက်စ်နဲ့ တခြားဂျီဟတ်အုပ်စုတွေဟာ ရိုဟင်ဂျာတွေနဲ့ သွေးစည်းညီညွတ်စွာ ရပ်တည်တဲ့ အကြောင်း ၀ါဒဖြန့်ဖို့ရည်ရွယ်ချက်နဲ့ အချိန်အတော်ကြာကတည်းက ကြေညာချက်တွေ ထုတ်ပြန်ခဲ့ရာကနေ ခုတော့ မြန်မာပြည်နဲ့ မြန်မာခေါင်းဆောင်တွေကို တိုက်ခိုက်ဖို့ တိုက်ရိုက်တောင်းဆိုနေကြတယ်လို့ အိုင်စီဂျီကဆိုပါတယ်။

လတ်တလောပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ ရက်နေ့ကဘဲ အိန္ဒိယတိုက်ငယ်ရှိ အယ်ကိုင်းဒါးအဖွဲ့ခွဲရဲ့ မီဒီယာကနေထုတ်ပြန်တဲ့ ဗီဒီယိုမှာ အဖွဲ့ခေါင်းဆောင် အဘူဆေရက် အယ်လ်အန်ဆရီက ရိုဟင်ဂျာတွေကိုထောက်ခံတဲ့အနေနဲ့ မြန်မာပြည်ကို ဂျီဟတ်လုပ်ဖို့ တောင်းဆိုထားပါတယ်။

ဒီလိုတိုက်ခိုက်မှုမျိုးကို မြန်မာအနေနဲ့ ဟန့်တား၊ တားဆီးဖို့ ပြင်ဆင်မထားဘူး၊ အထူးသဖြင့် အဓိကမြို့ကြီးတွေမှာ ဘာသာရေးဆိုင်ရာ ပစ်မှတ်တွေကို ဦးတည်တိုက်ခိုက်မှုတွေဟာ မြန်မာနိုင်ငံတ၀န်းရှိ ဗုဒ္ဓဘာသာဝင်တွေနဲ့ မွတ်စလင်တွေအကြား ၀ရုန်းသုန်းကားဖြစ်စေပြီး အုပ်စုနှစ်ခုအကြား အကြမ်းဖက်မှုတွေ ကျယ်ကျယ်ပျံ့ပျံ့ဖြစ်နိုင်တယ်လို့ လည်း အိုင်စီဂျီရဲ့ အစီရင်ခံစာမှာ ရေးသားထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013