DVB Logo
Home
မြန်မာသတင်း
ဒီဇယ်ဆီပေပါတင်ကား ဝမ်းတွင်းဆည်ထဲထိုးကျ တိမ်းမှောက်
DVB
·
December 8, 2017
ဒီဇယ်ဆီပေပါတင်ကား ဝမ်းတွင်းဆည်ထဲထိုးကျ တိမ်းမှောက်
Donate to DVB

ရန်ကုန်-မန္တလေးလမ်းဟောင်းမိုင်တိုင် ၃၅၈/၀ ဝမ်းတွင်းမြို့နယ်အတွင်း ဒီဇင်ဘာ ၈ ရက် မနက်က ဒီဇယ်ဆီပေပါတွေ တင်လာတဲ့ ၆ ဘီးကားယာဉ်တစီး ဝမ်းတွင်းရေထိန်းဆည်ထဲ ထိုးကျကာတိမ်းမှောက်ခဲ့တယ်လို့ ဝမ်းတွင်းမြို့မရဲစခန်းက ပြောပါတယ်။

ကုန်တင် ၆ ဘီးကားဟာ မုံရွာမြို့၊ စည်သာရွာနေ ယာဉ်မောင်း အိပ်ငိုက်ပြီး အရှိန်မထိန်းနိုင်ပဲ ဝမ်းတွင်းရေထိန်းဆည်ထဲ ထိုးကျကာတိမ်းမှောက်သွားခဲ့ပါတယ်။ ကားပေါ်မှာ ဒီဇယ်ပေပါ ၄၅ လုံးနဲ့ ပေပါအခွံ ၂ လုံး တင်ဆောင်လာတယ်လို့ မြို့မရဲစခန်း တာဝန်ကျရဲအရာရှိက ပြောပါတယ်။

မြို့မရဲစခန်း ဒုရဲအုပ်အောင်ကိုကိုက "ယာဉ်မောင်း ကိုကျော်မျိုးဆိုင်မှာ လက်ညှိုးနဲ့လက်မပဲ ပွန်းပဲ့ဒဏ်ရာရတယ်။ ယာဉ်နောက်လိုက် ကျော်ခိုင်ဝင်းကတော့ ဒဏ်ရာမရဘူး။ ရဲမှုခင်းဆေးစာနဲ့ ဝမ်းတွင်းဆေးရုံ ပို့ပေးရတယ်"လို့ပြောပါတယ်။

ဒေသခံတဦးကတော့ "ကားနဲ့ကားသမား ကံသိပ်ကောင်းတယ်။ ဆီပေပါတွေက မီးမလောင်ဘူး။ ဝမ်းတွင်းမီးသတ်တပ်ဖွဲ့ကတော့ စိုးရိမ်ပြီး စောင့်ကြည့်ပေးနေတယ်" လို့ ပြောပါတယ်။

ဝမ်းတွင်းမြို့မရဲစခန်းက ယာဉ်မောင်း ကိုကျော်မျိုးဆိုင်ကို ယာဉ်ကိုပေါ့ဆစွာ မောင်းနှင်လို့ အန္တရာယ်ဖြစ်စေမှု၊ သာမန်ထိခိုက်ဒဏ်ရမှု ရာဇသတ်ကြီးပုဒ်မ ၂၇၉/၃၃၇ နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။

သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013