DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
December 8, 2017
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
Donate to DVB

မတ်ပဲ
မန္တလေးပွဲစားကုန်သည် စက်ပိုင်အသင်းမှာ မတ်ပဲက ပိဿာ ၆၀ ဝင် ၁ အိတ်ကို ၅၀,၀၀၀ ကျပ်ကနေ ငွေကျပ် ၅၃,၀၀၀ ပေါက်ဈေးရှိနေပြီး မတ်ပဲ အများဆုံးဝင်တဲ့ မုံရွာကုန်စည်ဒိုင်မှာတော့ မတ်ပဲက ၁ အိတ်ကို ၅၂,၅၀၀ ကျပ် ပေါက်ဈေး ရှိပါတယ်။ မန္တလေးမှာတော့ ၁ အိတ်ကို ၂,၀၀၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေးနဲ့ မုံရွာ ၁ အိတ်ကို ၅၀၀ ကျပ်သာ ဈေးကွာခြားမှု ရှိပါတယ်။

ပဲစင်းငုံနီ
မန္တလေးကုန်စည်ဒိုင်မှာ ပဲစင်းငုံနီက ၁ အိတ်ကို ၃၃,၀၀၀ ကျပ်ကနေ ငွေကျပ် ၃၅,၀၀၀ ပေါက်ဈေးရှိနေပြီး မုံရွာကုန်စည်ဒိုင်မှာတော့ ၁ အိတ်ကို ၃၆,၀၀၀ ကျပ် ပေါက်ဈေး ရှိပါတယ်။ မန္တလေးကုန်စည်ဒိုင်မှာတော့ ပဲစင်းငုံနီက ၁ အိတ်ကို ၁,၅၀၀ ကျပ်ကနေ ၃,၅၀၀ ကျပ်ကြား ဈေးတက်လာပါတယ်။ မန္တလေးနဲ့ မုံရွာ ၁ အိတ်ကို ၁,၀၀၀ ကျပ်လောက် ဈေးကွာခြားမှု ရှိပါတယ်။

စားအုန်းဆီ
မန္တလေးကုန်စည်ဒိုင်မှာ စားအုန်းဆီက ၁ ပိဿာကို ၁,၇၆၀ ကျပ် ပေါက်ဈေးရှိနေပြီး မြင်းခြံ ကုန်စည်ဒိုင်မှာတော့ ၁ ပိဿာကို ၁,၈၁၀ ပေါက်ဈေးရှိပါတယ်။ မန္တလေးကုန်စည်ဒိုင်မှာ ၁ ပိဿာကို ၁၀ ကျပ် ဈေးကျဆင်းသွားပြီး မြင်းခြံကုန်စည်ဒိုင်မှာတော့ ၁ ပိဿာကို ၂၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မြင်းခြံနဲ့ မန္တလေး ၁ ပိဿာကို ၅၀ ကျပ် ကွာခြားမှု ရှိပါတယ်။

နှမ်းနက်(စမုံ)
မန္တလေးပွဲစားကုန်သည် စက်ပိုင်အသင်းမှာ နှမ်းနက်(စမုံ)က ၄၅ ပိဿာဝင် ၁ အိတ်ကို ၁၁၀,၀၀၀ ကျပ်ကနေ ငွေကျပ် ၁၃၅,၀၀၀ ပေါက်ဈေးရှိနေပြီး နှမ်းနက်(စမုံ) အဓိကဝင်တဲ့ ပခုက္ကူကုန်စည်ဒိုင်မှာတော့ ၁၁၄,၀၀၀ ကျပ်ကနေ ငွေကျပ် ၁၂၆,၀၀၀ ပေါက်ဈေး ရှိပါတယ်။ မန္တလေးနဲ့ ပခုက္ကူ ကုန်စည်ဒိုင်မှာတော့ ၁ အိတ်ကို ၉,၀၀၀ ကျပ်လောက် ဈေးကွာခြားမှု ရှိပါတယ်။

ပဲတီစိမ်း
မြင်းခြံကုန်စည်ဒိုင်မှာ ပဲတီစိမ်းက ၁ ပိဿာကို ၁,၀၀၀ ကျပ်ကနေ ၁,၃၀၀ ကျပ် ပေါက်ဈေးရှိနေပြီး ရန်ကုန် ဘုရင့်နောင် ကုန်စည်ဒိုင်မှာတော့ ၁ ပိဿာကို ၁,၃၆၅ ကျပ်ကနေ ၁,၄၂၀ ကျပ် ပေါက်ဈေး ရှိပါတယ်။ ရန်ကုန်နဲ့ မြင်းခြံ ၁ ပိဿာကို ၃၀၀ ကျပ်လောက် ဈေးကွာခြားမှု ရှိပါတယ်။

ကြက်သွန်နီ
ကြက်သွန်နီ အများဆုံး ဝင်တဲ့ မြင်းခြံကုန်စည်ဒိုင်မှာ ကြက်သွန်နီက ၁ ပိဿာကို ၅၀၀ ကျပ်ကနေ ၂,၇၀၀ ကျပ် ပေါက်ဈေး ရှိနေပြီး ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာတော့ ကြက်သွန်နီက ၁ ပိဿာကို ၁,၈၅၀ ကျပ်ကနေ ၂,၉၀၀ ကျပ် ပေါက်ဈေး ရှိပါတယ်။ မြင်းခြံနဲ့ ရန်ကုန် ၁ ပိဿာကို ၂၀၀ ကျပ်လောက် ဈေးကွာခြားမှု ရှိပါတယ်။

ဒီနေ့ ဖော်ပြခဲ့တဲ့ သီးနှံဈေးနှုန်းတွေထဲကမှ မတ်ပဲနဲ့ ပဲစင်းငုံကတော့ ဒီတပတ်မှာ ဈေးတက်လာပါတယ်။ မတ်ပဲက ၁ ပတ်အတွင်း ၁ တန်ကို ငွေကျပ် ၂၀,၀၀၀ ကျော်လောက် ဈေးမြင့်တက်လာပြီး ပဲစင်းငုံကလည်း ၁ တန်ကို ငွေကျပ် ၃၀,၀၀၀ ကျော်လောက် ဈေးမြင့်တက်ခဲ့ပါတယ်။

ဒေသအတွင်း ဝယ်လက်တွေ များလာတဲ့အတွက် ဈေးက ပြန်တက်လာတာ ဖြစ်တယ်လို့ ပဲကုန်သည်တွေက ပြောပါတယ်။ အိန္ဒိယနိုင်ငံကိုလည်း အဓိက တင်ပို့နေတဲ့ ပဲတွေ ဖြစ်တဲ့အတွက် အိန္ဒိယနိုင်ငံမှာတော့ လှောင်သမားတွေ ဝယ်ယူလာပြီး ဈေးက တက်လာပါတယ်။

အခု ဖော်ပြသွားတဲ့ ဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။

သတင်း- AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013