DVB Logo
Home
မြန်မာသတင်း
မကွေးတိုင်းဒေသကြီးအတွင်း မီးဘေးကြိုတင်ကာကွယ်ရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်
DVB
·
December 8, 2017
မကွေးတိုင်းဒေသကြီးအတွင်း မီးဘေးကြိုတင်ကာကွယ်ရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်
Donate to DVB

ပွင့်လင်းရာသီ ရောက်ရှိပြီဖြစ်တာကြောင့် မကွေးတိုင်းဒေသကြီးထဲက ခရိုင်၊ မြို့နယ်တွေအလိုက် မီးသတိမူရေးနဲ့ မီးဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းတွေကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နေတယ်လို့ မကွေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနရုံးက သိရပါတယ်။

မီးဘေးလုံခြုံရေးအတွက် စက်ရုံ အလုပ်ရုံ၊ ဈေး၊ ဘဏ်၊ စာသင်ကျောင်း၊ စက်သုံးဆီ အရောင်းဆိုင်တွေနဲ့ မီးဘေးအန္တရာယ် စိုးရိမ်ရတဲ့ လုပ်ငန်းတွေကို စစ်ဆေးအကြံပေးခြင်း၊ ဇာတ်တိုက်လေ့ကျင့်ခြင်း၊ မီးဘေးလုံခြုံရေး အသိပညာပေး ဟောပြောပွဲတွေ ပြုလုပ်တာနဲ့ တအိမ်တက်ဆင်း စစ်ဆေးတဲ့ လုပ်ငန်းတွေကို ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

တိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးအောင်ဝင်းစိန်က “ပြည်သူဆိုတာ ပထမ မီးသတ်သမားပါ။ မီးသတ်တပ်ဖွဲ့က ဖုန်းဆက်သွယ်မှ၊ မီးခိုးမြင်မှ သွားရတဲ့ ဒုတိယ မီးသတ်သမားပေါ့။ ဒါကြောင့် မီးလောင်မှုဖြစ်တဲ့အခါ ပြည်သူက ကြိုတင် ငြှိမ်းသတ်ထားတာ ဆုံးရှုံးမှု သက်သာတာပေါ့။ ကြိုတင်ကာကွယ်ရေးအနေနဲ့ ဓာတ်ဆီထည့်ပြီး ပြည့်၊ မပြည့် ဖယောင်းတိုင်မီးနဲ့ မကြည့်ဖို့၊ အိမ်ကနေ အပြင်ထွက်ရင် လျှပ်စစ်မိန်းတွေ ချသွားဖို့၊ ခြင်ဆေးခွေကို အောက်ခံခွက်နဲ့ ထွန်းဖို့ စတဲ့ အသိတရား၊ သတိတရားတွေရှိဖို့ လိုပါတယ်။ အိမ်တိုင်းမှာ မီးသတ်ဆေးဘူး ဆောင်ထားဖို့ လိုပါတယ်” လို့  ဒီဗွီဘီကို ပြောပါတယ်။

မကွေးတိုင်းဒေသကြီးထဲမှာ ၂၀၁၇ ခုနှစ် အောက်တိုဘာလက စတင်ပြီး မီးဘေးလုံခြုံရေးအတွက် စစ်ဆေးဆောင်ရွက်နေရာ နိုဝင်ဘာလကုန်အထိ တအိမ်တက်ဆင်း စစ်ဆေးမှု ၁၂၃၁၄ ကြိမ်၊ စက်ရုံ အလုပ်ရုံ စစ်ဆေးမှု ၂၇ ကြိမ်၊ ဟိုတယ်၊ မိုတယ်၊ Inn၊ တည်းခိုခန်း စစ်ဆေးမှု ၁၇ ကြိမ်၊ KTV စစ်ဆေးမှု ၁၃ ကြိမ်၊ ဈေးစစ်ဆေးမှု ၂၅ ကြိမ်၊ စက်သုံးဆီဆိုင် စစ်ဆေးမှု ၄၅ ကြိမ်၊ ဇာတ်တိုက်လေ့ကျင့်မှု ၇၁ ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။ လူဦးရေ ၆၀၅၈ ဦးကို ဟောပြောပို့ချမှု ၅၀ ကြိမ် ပြုလုပ်ခဲ့ပြီး ဆက်လက် ဆောင်ရွက်ဖို့ရှိတယ်လို့လည်း သိရပါတယ်။

သတင်း - မင်းထီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013