DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
December 7, 2017
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
Donate to DVB

မတ်ပဲ
ဘုရင့်နောင် ကုန်စည်ဒိုင်မှာ မတ်ပဲက ပိဿာ ၆၀ ဝင် ၁ အိတ်ကို ၅၀,၅၅၀ ကျပ် ပေါက်ဈေး ရှိနေပြီး မန္တလေးပွဲစား ကုန်သည် စက်ပိုင်အသင်းမှာတော့ ၁ အိတ်ကို ၅၀,၀၀၀ ကျပ်မှ ငွေကျပ် ၅၁,၀၀၀ ပေါက်ဈေးရှိပါတယ်။ ရန်ကုန် ကုန်စည်ဒိုင်မှာတော့ မတ်ပဲက ဈေးအနည်းငယ် တက်လာပြီးတော့ မန္တလေးပွဲစား ကုန်သည်အသင်းမှာတော့ ၁ အိတ်ကို ၂,၀၀၀ ကျပ် ဈေးလျော့သွားပါတယ်။ ရန်ကုန်နဲ့ မန္တလေး ၁ အိတ်ကို ၅၀၀ ကျပ်လောက်သာ ဈေးကွာခြားပါတယ်။

ပဲစင်းငုံနီ
ပဲစင်းငုံနီကတော့ ရန်ကုန် ဘုရင့်နောင် ကုန်စည်ဒိုင်မှာ ၁ အိတ်ကို ၃၆,၅၀၀ ကျပ် ပေါက်ဈေးရှိနေပြီး မနေ့ကထက် ၁ အိတ်ကို ၃,၀၀၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေး ပွဲစားကုန်သည် စက်ပိုင်အသင်းမှာတော့ ၁ အိတ်ကို ၃၁,၀၀၀ ကျပ်ကနေ ငွေကျပ် ၃၁,၅၀၀ ပေါက်ဈေးရှိနေပြီး ၁ အိတ်ကို ၁,၀၀၀ ကျပ်လောက် ဈေးတက်လာပါတယ်။ ရန်ကုန်နဲ့ မန္တလေး ၁ အိတ်ကို ၅,၀၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ကုလားပဲခြမ်း
ရန်ကုန်ကုန်စည်ဒိုင်မှာ ကုလားပဲခြမ်းက ၁ ပိဿာကို ၁,၉၀၀ ကျပ်ကနေ ငွေကျပ် ၂,၀၀၀ ပေါက်ဈေးရှိနေပြီး မန္တလေး ကုန် စည်ဒိုင်မှာတော့ တစ်ပိဿာကို ၂ယ၂၀၀ ပေါက်ဈေး ရှိပါတယ်။ ရန်ကုန် ကုန်စည်ဒိုင်မှာ ကုလားပဲခြမ်းက ၁ ပိဿာကို ၆၀၀ ကျပ်လောက် ဈေးကျဆင်းသွားပါတယ်။ ရန်ကုန်နဲ့ မန္တလေး ၁ ပိဿာကို ၂၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ကြက်သွန်နီ
ရန်ကုန် ဘုရင့်နောင် ကုန်စည်ဒိုင်မှာ ကြက်သွန်နီ(မြင်းခြံ)က ၁ ပိဿာကို ၂,၁၅၀ ကျပ်ကနေ ၂,၆၅၀ ကျပ် ပေါက်ဈေး ရှိနေပြီး ကြက်သွန်နီ အများဆုံး ဝင်ရောက်တဲ့ မြင်းခြံ ကုန်စည်ဒိုင်မှာတော့ ကြက်သွန်နီက ၁ ပိဿာကို ၅၀၀ ကျပ်ကနေ ငွေကျပ် ၂,၂၀၀ ပေါက်ဈေး ရှိနေပါတယ်။ မြင်းခြံနဲ့ ရန်ကုန် ၁ ပိဿာကို ၄၀၀ ကျပ်ကျော် ဈေးကွာခြားမှု ရှိပါတယ်။

ပဲလွန်းဖြူ
မန္တလေး ပွဲစားကုန်သည် စက်ပိုင်အသင်းမှာ ပဲလွန်းဖြူက ပိဿာ ၆၀ ဝင် ၁ အိတ်ကို ၈၅,၀၀၀ ကျပ်ကနေ ငွေကျပ် ၉၀,၀၀၀ ပေါက်ဈေးရှိနေပြီး ပဲလွန်းဖြူ အများဆုံး ဝင်တဲ့ မုံရွာ ကုန်စည်ဒိုင်မှာတော့ ၁ အိတ်ကို ငွေကျပ် ၁၀၂,၀၀၀ ပေါက်ဈေးရှိပါတယ်။ မန္တလေးနဲ့ မုံရွာကုန်စည်ဒိုင် ၁ အိတ်ကို ၄,၀၀၀ ကျပ်ကျော် ဈေးကွာခြားမှု ရှိပါတယ်။

စားအုန်းဆီ
မန္တလေးပွဲစားကုန်သည် စက်ပိုင်အသင်းမှာ စားအုန်းဆီက ၁ ပိဿာကို ၁,၇၇၀ ကျပ် ပေါက်ဈေးရှိနေပြီး မြင်းခြံ ကုန်စည်ဒိုင်မှာတော့ ၁,၈၂၀ ကျပ်ကနေ ၁,၈၃၀ ကျပ် ပေါက်ဈေး ရှိပါတယ်။ မန္တလေးကုန်စည်ဒိုင်မှာ စားအုန်းဆီက ၁ ပိဿာကို ၂၀ ကျပ် ဈေးကျဆင်းသွားပြီးတော့ မြင်းခြံကုန်စည်ဒိုင်မှာတော့ ၁ ပိဿာကို ၁၀ ကျပ်လောက် ဈေးကျဆင်းသွားပါတယ်။ မန္တလေးနဲ့ မြင်းခြံကုန်စည်ဒိုင် ၁ ပိဿာကို ၅၀ ကျပ်ကျော် ဈေးကွာခြားမှု ရှိပါတယ်။

ဒီနေ့ ဖော်ပြခဲ့တဲ့ သီးနှံဈေးနှုန်းတွေထဲမှာ ကုလားပဲခြမ်းကတော့ ၁ ပိဿာကို ၆၀၀ ကျပ်ကျော်အထိ ဈေးက ကျဆင်းသွားခဲ့ပါတယ်။ လက်ရှိမှာ ပဲလက်ကျန်ကိုသာ အရောင်းအဝယ် ပြုလုပ်နေရပြီး ပြည်ပကလည်း ဝယ်လက်မရှိတဲ့အတွက် ဈေးက ကျဆင်းသွားတာ ဖြစ်တယ်လို့ ပဲကုန်သည်တွေဆီကနေ သိရပါတယ်။

အခု ဖော်ပြသွားတဲ့ ဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။

သတင်း- AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013