DVB Logo
Home
မြန်မာသတင်း
လှိုင်သာယာနှင့် ရွှေပြည်သာမြို့နယ်တွင် ဒုစရိုက်မှု ၁၀၀ ကျော် အမှုဖွင့် အရေးယူ
DVB
·
December 7, 2017
လှိုင်သာယာနှင့် ရွှေပြည်သာမြို့နယ်တွင် ဒုစရိုက်မှု ၁၀၀ ကျော် အမှုဖွင့် အရေးယူ
1 / 5
Donate to DVB

ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်နဲ့ ရွှေပြည်သာမြို့နယ်တွေအတွင်း ဒုစရိုက်မှုကျူးလွန် တတ်သူတွေကို ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က ပိတ်ဆို့ရှာဖွေ ဖမ်းဆီးပြီး ၁၀ ရက်အတွင်း အမှု ၁၀၀ ကျော်ဖွင့် အရေးယူခဲ့ပါတယ်။

နိုဝင်ဘာ ၂၇ ရက်ကနေ ဒီဇင်ဘာ ၆ ရက်အတွင်း အဲဒီမြို့နယ်နှစ်ခုအတွင်းက  ခိုးမှု၊ လုယက်မှု ကျူးလွန်သူတွေ၊ ဆိုးသွမ်းရမ်းကားသူတွေကို ယာဉ်စစ်ပိတ်ဆို့ရှာဖွေ နယ်မြေ လှည့်ကင်းနဲ့ ဖမ်းဆီးပြီး အမှုဖွင့် အရေးယူခဲ့တာ ဖြစ်ပါတယ်။

လှိုင်သာယာမြို့နယ်မှာ ၁၉၆၁ ခုနှစ် ပြစ်မှုကျူးလွန်တတ်သူများ ခြေချုပ်နဲ့ ခံဝန် အက်ဥပဒေအရ အရေးယူမှု ၁၆ မှု၊ လက်နက်များ အက်ဥပဒေပုဒ်မနဲ့ အရေးယူမှု ၄ မှု၊ ရဲအက် ဥပဒေနဲ့ အရေးယူမှု ၁၃ မှု၊ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၄ အရ အရေးယူမှု ၁၆ မှု၊ တရားခံပြေး ၂ ဦး၊ စစ်ပြေး ၄ ဦး၊ ပြည့်တန်ဆာအက်ဥပဒေပုဒ်မနဲ့  အရေးယူမှု ၃ မှု၊ လောင်းကစားဥပဒေနဲ့ အရေးယူမှု ၃ မှု၊ မူးယစ်ဆေးဝါးနဲ့ စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေနဲ့  အရေးယူမှု ၁ မှုတို့နဲ့  ဖမ်းဆီးအရေးယူခဲ့တာ ဖြစ်ပါတယ်။

ရွှေပြည်သာမြို့နယ်မှာလည်း ၁၉၆၁ ခုနှစ် ပြစ်မှုကျူးလွန်တတ်သူများ ခြေချုပ်နှင့် ခံဝန်အက်ဥပဒေအရ အရေးယူမှု ၁၂ မှု၊ ရဲအက်ဥပဒေနဲ့ အရေးယူမှု ၁၀ မှု၊ ရာဇဝတ်ကျင့်ထုံးပုဒ်မ ၅၄ အရ အရေးယူမှု ၁၄ မှု၊ တရားခံပြေး ၁ ဦး၊ စစ်ပြေး ၁ ဦး၊ လက်နက်များ အက်ဥပေဒေပုဒ်မနဲ့ အရေးယူမှု ၄ မှု လောင်းကစားဥပဒေနဲ့ အရေးယူမှု ၁ မှု၊ ရာဇသတ်ကြီးပုဒ်မ ၃၅၃ နဲ့ အရေးယူမှု ၁ မှုတို့ ဖမ်းဆီးအရေးယူခဲ့တယ်လို့ တိုင်းရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

Photos : Yangon Police

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013