DVB Logo
Home
မြန်မာသတင်း
ရန်ကုန်-စစ်တွေကားလမ်းတွင် မိုင်းဟုယူဆရသည့် မသင်္ကာဖွယ် ပစ္စည်းနှစ်ခုတွေ့ရှိ
DVB
·
December 7, 2017
ရန်ကုန်-စစ်တွေကားလမ်းတွင် မိုင်းဟုယူဆရသည့် မသင်္ကာဖွယ် ပစ္စည်းနှစ်ခုတွေ့ရှိ
Donate to DVB


    ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ရန်ကုန် - စစ်တွေကားလမ်း မိုင်တိုင်အမှတ်  ၁၁၃ နဲ့ ၁၁၃ / ၁ အကြားမှာ ဒီနေ့ မနက်က မိုင်းလို့ယူဆရတဲ့ ပစ္စည်းနှစ်ခု တွေ့ရှိခဲ့ပြီး တပ်မတော်က မိုင်းရှင်းနေပါတယ်။


ရန်ကုန်-စစ်တွေကားလမ်း သံတံတားအမှတ် ၇/၁၁၂ ရဲ့ ထိပ်သံဘောင်အောက်မှာ နှစ်ပင်လိမ် (နီ/နက်) နဲ့ ဘတ္တရီအိုးကို သွယ်တန်းထားတဲ့ မသင်္ကာဖွယ်ရာ မိုင်းလို့ ယူဆရတဲ့ ပစ္စည်းနှစ်ခု တွေ့ရှိခဲ့တာဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပါတယ်။


ကားလမ်းကို  ယာယီပိတ်ထားပြီး တပ်မတော်က မိုင်းရှင်လင်းရေးလုပ်ငန်းတွေ ဆောင်ရွက်နေပြီး သတင်းအခြေအနေအား ဆက်လက်ထုတ်ပြန်သွားမယ်လို့ ပြည်ထဲရေး သတင်းမှာ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013