DVB Logo
Home
မြန်မာသတင်း
အိုး​ဝေမဂ္ဂဇင်း​ကို ဆက်မထုတ်ရန် စာ​ပေစိစစ်​ရေး​က သတိ​ပေး
DVB
·
April 18, 2012
အိုး​ဝေမဂ္ဂဇင်း​ကို ဆက်မထုတ်ရန် စာ​ပေစိစစ်​ရေး​က သတိ​ပေး
Donate to DVB

ကျောင်း​သား​သမဂ္ဂ ပြန်လည်​ပေါ်​ပေါက်​ရေး​နဲ့​ ​ကျောင်း​သား​အခွင့်​အ​ရေး​ လှုပ်ရှား​သူ​တွေက ထုတ်​ဝေ​နေတဲ့​ အိုး​ဝေမဂ္ဂဇင်း​ကို ဥပ​ဒေနဲ့​မညီတဲ့​အ​ကြောင်း​ စာ​ပေစိစစ်​ရေး​က ​ခေါ်ယူသတိ​ပေး​ခဲ့​တယ်လို့​ မဂ္ဂဇင်း​တာဝန်ခံ​တွေက ​ပြောပါတယ်။

အိုး​ဝေမဂ္ဂဇင်း​ အတွဲ ၁ အမှတ် ၉ ကို မကြာခင်က ထုတ်​ဝေလိုက်ပြီး​နောက် စာ​ပေစိစစ်​ရေး​ ဒု - ညွှန်ချုပ် ဦး​တင့်​ဆွေက မဂ္ဂဇင်း​တာဝန်ခံ​တွေဖြစ်တဲ့​ ဗကသများ​အဖွဲ့​ချုပ် ဗဟိုစည်း​ရုံး​ရေး​ကော်မတီ ဥက္ကဋ္ဌ ကို​ကျော်ကိုကိုနဲ့​ အိုး​ဝေမဂ္ဂဇင်း​ တာဝန်ခံ အယ်ဒီတာ ကိုရှိန်း​ရာဇာထွန်း​တို့​ကို ဒီ​နေ့​မနက်မှာ ​ခေါ်ယူ​တွေ့​ဆုံ သတိ​ပေး​ခဲ့​တာပါ။

“၁၉၆၂ ခုနှစ် ပုံနှိပ်အက်ဥပ​ဒေက ခုချိန်မှာ မဖျက်သိမ်း​ရ​သေး​ဘူး​၊​ ​နောက်တခါ ၂၀၀၈ ဖွဲ့​စည်း​ပုံအ​ခြေခံဥပ​ဒေနဲ့​ ​လျော်ညီတဲ့​ ဥပ​ဒေအသစ်ကလည်း​ မီဒီယာဥပ​ဒေ၊​ ပုံနှိပ်ဥပ​ဒေကလည်း​ ပြဋ္ဌာန်း​ဖို့​အတွက် ပြင်ဆင်တုန်း​ပဲ ရှိ​သေး​တယ်။ ဒီလိုအကူး​အ​ပြောင်း​ကာလမှာ ဥပ​ဒေ​ဟောင်း​က အကျုံး​ဝင်​သေး​တဲ့​ အတွက်​ကြောင့်​ အခုလို ခွင့်​ပြုချက်မယူဘဲ အိုး​ဝေမဂ္ဂဇင်း​ကို ထုတ်လိုက်တဲ့​အခါမှာ ဥပ​ဒေနဲ့​ ငြိစွန်း​နေပါတယ်။ ဒါကိုသိ​စေချင်လို့​ ​ပြောပြတာပါ။ ​ခေါ်ယူခြိမ်း​ခြောက်ခြင်း​တော့​ မဟုတ်ပါဘူး​။ ​ဆွေး​နွေး​တာပါတဲ့​၊​ ဒု - ညွှန်ချုပ် ဦး​တင့်​ဆွေ​ပေါ့​။”

နောက်ဆုံး​ထုတ်ထား​တဲ့​ အိုး​ဝေမဂ္ဂဇင်း​အတွဲ (၁) အမှတ် ၉ ကို အွန်လိုင်း​က​နေ အဓိက ဖြန့်​ဝေတာဖြစ်ပြီး​ မကြာခင်က ပြန်လည်ဖွဲ့​စည်း​ထား​တဲ့​ ပြည်နယ်နှင့်​တိုင်း​ ဗကသအဖွဲ့​ခွဲ​တွေနဲ့​ အဖွဲ့​ဝင်​တွေကြား​မှာ ပြန်လည်ကူး​ယူ လက်ဆင့်​ကမ်း​ ဖြန့်​ဝေတာလို့​ ကို​ကျော်ကိုကိုက ရှင်း​ပြပါတယ်။

လော​လောဆယ် အတွဲ ၁ အမှတ် ၁၀ အတွက် စာမူ​တွေ စု​ဆောင်း​နေဆဲ အချိန်မှာ စာ​ပေစိစစ်​ရေး​က ​ခေါ်ယူသတိ​ပေး​လိုက်တာ ဖြစ်ပါတယ်။

“အခုလို ​ခေါ်​ပြောတဲ့​ကိစ္စက အနုနည်း​နဲ့​ ​ပျော့​ပျောင်း​ညင်သာတဲ့​နည်း​နဲ့​ သတိ​ပေး​တာလို့​ ကျ​နော်မြင်တယ်။ အသိ​ပေး​တယ်လို့​တော့​ သူတို့​ သုံး​စွဲ​ပြောဆိုတယ်။ ​နောင်အခါမှာ ဒီလိုစာအုပ်မျိုး​ ထုတ်မယ်ဆိုရင် စိစစ်​ရေး​ကို တရား​ဝင် ​လျှောက်လွှာ တင်ပြီး​တော့​ စိစစ်​ရေး​ကတ်ရ​အောင် ကြိုး​စား​ခိုင်း​ပါတယ်။ ကျ​နော်တို့​ ပြန်​မေး​ထား​တယ်။ ​လျှောက်လွှာတင်​ပေမယ့်​ ပြန်ချမ​ပေး​တဲ့​ ဖြစ်ရပ်​တွေရှိတယ်။ ဒီ​တော့​ ဒါက သိပ်​သေချာတာ​တော့​ မဟုတ်ဘူး​။ ကျ​နော်တို့​က မြန်မာပြည်မှာ ဆင်ဆာအဖွဲ့​ကို လုံး​ဝဖျက်သိမ်း​ပစ်လိုက်ဖို့​ ​မျှော်လင့်​တယ်။ တဘက်က ပြန်ကြား​ရေး​ဝန်ကြီး​ကလည်း​ ဒါကိုပဲ​ပြော​နေကြတယ်။ အဲဒီ​တော့​ ဒီလိုအ​ခြေအ​နေမျိုး​ကို ​ရောက်သွား​ပြီဆိုရင် အခုလို နိုင်ငံ​ရေး​တွေ၊​ ဘာသာ​ရေး​တွေကို လိုက်ကန့်​သတ်ပြီး​တော့​ စိစစ်​နေတဲ့​ အ​နေအထား​မျိုး​ မရှိ​တော့​ဘူး​ဆိုရင် လွတ်လပ်စွာ ထုတ်​ဝေခွင့်​အတိုင်း​ ဆက်သွား​မှာဖြစ်တယ်။ အဲဒါမျိုး​ စဉ်း​စား​ထား​တယ်။ လတ်တ​လောအ​နေအထား​မှာ ပြန်ပြီး​တော့​ စဉ်း​စား​ရဦး​မယ်။ အား​လုံး​ကို ပြန်ချပြတဲ့​အခါမှာ ဘယ်လို ဆက်ပြီး​ ဆုံး​ဖြတ်မယ်ဆိုတာ​တော့​ အခု​တော့​ မ​ပြောနိုင်​သေး​ဘူး​။ ဒါ​ပေမယ့်​ ​သေချာတာက ကျ​နော်တို့​က ဆင်ဆာကိုပြပြီး​တော့​ ထုတ်​ဝေမှာ​တော့​ မဟုတ်ဘူး​။”

မြန်မာပြည် လွတ်လပ်​ရေး​ကြိုး​ပမ်း​တဲ့​ ကာလတုန်း​က ​ကျောင်း​သား​ထုအကြား​မှာ ဩဇာကြီး​ခဲ့​တဲ့​ အိုး​ဝေမဂ္ဂဇင်း​ရဲ့​ သမိုင်း​အ​မွေကို ဆက်ခံဖို့​ ထုတ်​ဝေတာလို့​ ​နောက်ဆုံး​ထုတ် အယ်ဒီတာအာ​ဘော်မှာ ​ဖော်ပြထား​ပါတယ်။

အိုး​ဝေ အတွဲ ၁၊​ အမှတ် ၉ မှာ ဗကသ ဥက္ကဋ္ဌ​ဟောင်း​ ကိုမင်း​ကိုနိုင်ရဲ့​ ကဗျာတပုဒ်၊​ ဗကသရဲ့​သမိုင်း​၊​ လက်ရှိ ဗကသကို ပြန်လည်ဖွဲ့​စည်း​ထား​တဲ့​ အ​ခြေအ​နေ၊​ ဗကသရဲ့​ မူဝါဒ​တွေကို အဓိက ​ဖော်ပြထား​ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013