DVB Logo
Home
မြန်မာသတင်း
အရပ်ဘက်အဖွဲ့အစည်းများ ကွင်းဆင်းရာတွင် အဟန့်အတားများ မကြာခဏ ကြုံနေရဟုဆို
DVB
·
December 7, 2017
အရပ်ဘက်အဖွဲ့အစည်းများ ကွင်းဆင်းရာတွင် အဟန့်အတားများ မကြာခဏ ကြုံနေရဟုဆို
1 / 5
Donate to DVB

အရပ်ဘက်အဖွဲ့အစည်းတွေအနေနဲ့ မြေပြင်အခြေအနေဆင်းပြီး လုပ်ငန်းဆောင်ရွက်ရာမှာ ဒေသဆိုင်ရာအစိုးရနဲ့ အဆင့်ဆင့်သော အဖွဲ့အစည်းတွေရဲ့ အဟန့်အတားတွေ မကြာခဏ ကြုံနေရတာကြောင့် လုပ်ငန်းတွေ အခက်အခဲတွေ ဖြစ်စေတယ်လို့  အရပ်ဘက် အဖွဲ့အစည်း တာဝန်ရှိသူတွေက ပြောပါတယ်။

ရန်ကုန်တိုင်းအတွင်းရှိ အရပ်ဘက်အဖွဲ့အစည်းတွေ တွေ့ဆုံနွေးပွဲကို ဒီဇင်ဘာ ၅ ရက်ကနေ ၇ ရက်ထိ တော်ဝင်နှင်းဆီခန်းမှာ ကျင်းပနေရာမှာ အရပ်ဘက်အဖွဲ့အစည်း  ကိုယ်စားလှယ်တွေက ထုတ်ဖော်ပြောဆိုခဲ့ကြတာပါ။

၃ ရက်ကြာ ဒီဆွေးနွေးပွဲမှာ  နိုင်ငံရေးနဲ့ ငြိမ်းချမ်းရေး၊ ဥပဒေနဲ့ တရားစီစဉ်ရေး၊ လူမှုရေးနဲ့ ဖွံ့ဖြိုးရေး၊ အလုပ်သမားအရေး၊ လူအခွင့်အရေးနဲ့ မသန်စွမ်း၊ လယ်ယာမြေပြဿနာ၊ ပညာရေး၊ အမျိုးသမီးတွေ အကြမ်းဖက်ခံရမှုနဲ့ ကလေးသူငယ်ဆိုင်ရာ အခွင့်အရေး စတဲ့ ခေါင်းစဉ်တွေအလိုက် ဆွေးနွေးနေကြပါတယ်။

ဒီဆွေးနွေးပွဲကို ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ အရပ်ဘက်အဖွဲ့အစည်းပေါင်း ၁၈၀ ကျော် ပါဝင်တက်ရောက်ဆွေးနွေးနေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013