DVB Logo
Home
မြန်မာသတင်း
လက်ပံတောင်းတောင်သပိတ်စခန်းကို လုံထိန်းရဲများက အင်အားသုံးဝင်ရောက်ဖျက်သိမ်း
DVB
·
December 7, 2017
လက်ပံတောင်းတောင်သပိတ်စခန်းကို လုံထိန်းရဲများက အင်အားသုံးဝင်ရောက်ဖျက်သိမ်း
1 / 5
Donate to DVB

 

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် မုံရွာ-ပုသိမ် လမ်းဘေးရှိ မိုးကြိုးပြင် အလယ်ရွာထိပ်မှာ ဖွင့်လှစ်ထားတဲ့ လက်ပံတောင်းတောင် သပိတ်စခန်းကို ဒီဇင်ဘာ ၇ ရက် မနက် ၄ နာရီက လုံထိန်းရဲတပ်ဖွဲ့ဝင်တွေက ဝင်ရောက် ဖျက်သိမ်းသွားပါတယ်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနဲ့ပတ်သက်ပြီး ဒေသခံတောင်သူတွေက စုံစမ်း စစ်ဆေးရေးကော်မရှင်အစီရင်ခံစာအတိုင်း အစားထိုးလယ်ယာမြေဧက ၁၉၀၀ ကျော်ကို ဖော်ထုတ်ပေးဖို့နဲ့ သီးနှံလျော်ကြေး ရရှိဖို့အတွက် အခုလို သပိတ်စခန်းဖွင့်တောင်းဆိုထားတာပါ။

မိုးကြိုးပြင်ကျေးရွာက ကိုဖိုးစနေက“မနက် ၄ နာရီလောက်က ဖောကားတစ်စင်းနဲ့ ကား အလတ်တစ်စင်းထဲမှာ အပြည့် တင်လာတဲ့ လုံထိန်းအင်အား ရာဂဏန်းလောက်ရောက်လာတယ်။ နောက်ပြီး လက်နက်တွေနဲ့ ချိန်ထားပြီးတော့ တစ်ယောက်မှ မလှုပ်ဖို့ ပြောတယ်။ သပိတ်စခန်းမှာက ဒေသခံတောင်သူ ၁၇ ယောက်လောက်ရှိတာ။ အလံတွေ၊ တိုင်တွေ အကုန်ဖျက်စီးသွားတယ်”လို့ ပြောပါတယ်။

သပိတ်စခန်းမှာ တပ်ဆင်ထားတဲ့ ပိုစတာ ၅ ခုနဲ့ လက်ပံတောင်းတောင်အလံအပါဝင် အလံ ၁၂ လက်ကို ဖြုတ်သွားပြီး တိုင်တွေပါ ဖျက်သိမ်းသွားတယ်လို့ သိရပါတယ်။

မိုးကြိုးပြင်သပိတ်စခန်းကို လွန်ခဲ့ ၂ လ လောက်က စတင်ကာ ဖွင့်လှစ်ခဲ့ပြီး အောက်တိုဘာလက ပုသိမ်-မုံရွာလမ်းမှာ ဖြတ်သန်းသွားလာနေတဲ့ ဝမ်ပေါင်ကုမ္ပဏီကြေးနီတင် ကားတွေကို ပိတ်ဆို့ကာ အခုလို တောင်းဆိုထားတာလည်း ဖြစ်ပါတယ်။

သတင်း - ရန်နိုင်စိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013