DVB Logo
Home
မြန်မာသတင်း
နေပြည်တော်တွင် နိုင်ငံတကာအဆင့်မီတက္ကသိုလ် ဖွင့်လှစ်ရန်ဆွေးနွေး
DVB
·
December 7, 2017
နေပြည်တော်တွင် နိုင်ငံတကာအဆင့်မီတက္ကသိုလ် ဖွင့်လှစ်ရန်ဆွေးနွေး
Donate to DVB


နေပြည်တော်မှာ နိုင်ငံတကာအဆင့်မီ တက္ကသိုလ်တခု တည်ထောင်ဖွင့်လှစ်ဖို့ တောင်ကိုရီးယား နိုင်ငံပညာရေးဌာနနဲ့ နေပြည်တော်ကောင်စီတို့ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။


တောင်ကိုရီးယားနိုင်ငံ၊ ပညာရေးဝန်ကြီးဌာန၊ တက္ကသိုလ်များပြုပြင်ပြောင်းလဲရေး ဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဆန်ကီဘိခ်နဲ့ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင် ဦးဆောင်တဲ့ ကောင်စီအဖွဲ့ဝင်တွေ ဒီဇင်ဘာ ၆ရက်က နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

နေပြည်တော်ကောင်စီဝင် ဦးမင်းသူက ပညာရေး၊ ကျန်းမာရေးနဲ့ အသက်မွေးဝမ်းကျောင်း ဆိုင်ရာပညာရပ်တွေ သင်ကြားမယ့် နိုင်ငံတကာအဆင့်မီတက္ကသိုလ်တခု တည်ထောင်ဖို့ မြေနေရာ ချထားပေးရေး ဆွေးနွေးခဲ့ကြတာလို့ ဒီဗွီဘီကို ပြောပါတယ်။

“သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ သူတို့ဆွေးနွေးပြီးတော့ ၀န်ကြီးဌာနတွေက နေပြည်တော် မှာ တက္ကသိုလ်တည်ဆောက်ဖို့ လမ်းညွှန်ချက်ပေးလို့ မြေနေရာရှာပေးနိုင်ဖို့ အဓိကထား ဆွေးနွေးကြတာပါ။ အင်ဂျင်နီယာပညာရပ်တို့ ဆေးပညာဆိုင်ရာပညာရပ်တို့ နောက် အသက်မွေးဝမ်းကျောင်းဆိုင်ရာ ပညာရပ်တို့နဲ့ သက်ဆိုင်တဲ့ တက္ကသိုလ်တခု တည်ထောင်မယ်”

တက္ကသိုလ်တည်ဆောက်ဖို့ မြေဧက ၂၅၀ခန့် ကျယ်ဝန်းတဲ့ မြေနေရာတွေ နေပြည်တော်ကောင်စီနယ်မြေမှာ ရှိတယ်လို့လည်း သူက ပြောပါတယ်။

လတ်တလော နေပြည်တော်နဲ့ တဆက်တစပ်တည်းရှိနေတဲ့ ပျဉ်းမနားမှာ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်နဲ့ သစ်တောတက္ကသိုလ်တို့ တည်ထောင်ဖွင့်လှစ် ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013