DVB Logo
Home
မြန်မာသတင်း
စိတ်ကျန်းမာရေးချို့တဲ့သူ အယောက် ၁၀၀ ကို ပဲခူးဘုရားဖူး ပို့ဆောင်
DVB
·
December 7, 2017
စိတ်ကျန်းမာရေးချို့တဲ့သူ အယောက် ၁၀၀ ကို ပဲခူးဘုရားဖူး ပို့ဆောင်
Donate to DVB

ရန်ကုန်စိတ်ကျန်းမာရေးဆေးရုံမှာ အနေကြာ စိတ်ကျန်းမာရေးချို့တဲ့သူ အယောက် ၁၀၀ ကို စိတ်ရောဂါဆေးရုံနဲ့ ပြည်ပ အဖွဲ့အစည်းတွေ ပူးပေါင်းပြီး ပဲခူးမြို့ပေါ်က ဘုရားတွေကို လိုက်ပို့ခဲ့ပါတယ်။

ဒီစိတ်ဝေဒနာရှင်တွေဟာ မိသားစုရဲ့ စွန့်ပစ်တာကို ခံနေရတဲ့ စိတ်ရောဂါသည်တွေလည်း ဖြစ်ပါတယ်။ ဒီစိတ်ဝေဒနာရှင်တွေကို ပြင်ပဗဟုသုတနဲ့ အပြင်လူတွေနဲ့ ထိတွေ့ဆက်ဆံခိုင်းတဲ့ ဆေးကုနည်းနဲ့ ကုသဖို့အတွက် အခုလို ဘုရားဖူးလိုက်ပို့တာ ဖြစ်တယ်လို့ စိတ်ရောဂါဆရာဝန် ဒေါက်တာဆန်းလင်းက ပြောပါတယ်။

လက်ရှိ ရန်ကုန်စိတ်ကျန်းမာရေးဆေးရုံမှာ မိသားစုက စွန့်ပစ်ထားပြီး ဆေးရုံမှာပဲ အနေကြာနေတဲ့ စိတ်ဝေဒနာသည် ၄၀၀ ကျော်လောက် ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013