DVB Logo
Home
မြန်မာသတင်း
တိုက်ကြီးမြို့နယ် တံမံကျေးရွာမူလတန်းကျောင်း၌ ဆရာမရှိသဖြင့် စာသင်ကြားရန်အခက်ကြုံ
DVB
·
December 7, 2017
တိုက်ကြီးမြို့နယ် တံမံကျေးရွာမူလတန်းကျောင်း၌ ဆရာမရှိသဖြင့် စာသင်ကြားရန်အခက်ကြုံ
Donate to DVB

 

ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့အရှေ့ဘက် ချောင်းစောက်ကျေးရွာအုပ်စု တံမံ(၁)ကျေးရွာ မူလတန်းကျောင်းမှာ စာသင်ကြားဖို့ ဆရာမရှိတဲ့ အတွက် ကျောင်းသားကျောင်းသူ ၉၀ ကျော်လောက်  စာသင်ယူဖို့ အခက်အခဲဖြစ်နေ ကျောင်းသားမိဘတွေက ပြောပါတယ်။

ရွာခံ ကျောင်းသားမိဘ တစ်ဦးက “ကလေးတွေကျောင်းတက်ဖို့ အခက်အခဲရှိတဲ့အတွက် ပြီးခဲ့တဲ့ ၃ နှစ်လောက်က ကိုယ်ထူကိုယ်ထ ကျောင်းလေးဆောက်ပြီး ဆရာငှားသင်ရတယ်။ နောက်ပညာရေးဌာနကို အစိုးရကျောင်းချထား ပေးဖို့ တောင်းဆိုတော့ ဒီနှစ်မှာ ချထားပေးတယ်။ ဒါပေမယ့် ဆရာမပါဘူး။ ကျောင်းအုပ်တော့ ပေးထားတယ်ပြောတာပဲ တခါမှတော့ ရောက်မလာဘူး။ အခုမြို့ကနေ ၁၅ ရက်ကိုတခါ ဆရာ ၃ ယောက်လာပြီး စာသင်ပေးနေပါတယ်။ ဒါပေမယ့် ကလေးတွေက စာမေးပွဲလည်းနီးလာပြီ။ ကျောင်းဆရာက လုံလောက်မှု မရှိတော့ အခက်အခဲတွေဖြစ်နေတာပေါ့” ပြောပါတယ်။

လတ်တလော တံမံ(၁)ကျေးရွာ မူလတန်းကျောင်းအတွက် ကျောင်းဆရာ ၃ ဦးကို ပညာရေးဝန်ဆောင်ခ ၃ သောင်းပံ့ပိုးပေးကာ ၁၅ ရက်တကြိမ်အလှည့်ကျ စာသင်ခိုင်းထား တယ်လို့ တိုက်ကြီးမြို့နယ် ပညာရေးမှူးရုံးတာဝန်ရှိသူ တဦးက ပြောပါတယ်။

တိုက်ကြီးမြို့နယ် ဒုတိယမြို့နယ်ပညာရေးမှူး ဦးမောင်မောင်လတ်က “ကျောင်းက ၂၀၁၇ ခုနှစ် မေလ ၂၄ ရက်နေ့ကမှ အစိုးရမူလတန်းကျောင်းအဖြစ် ချထားပေးတာပါ။ ဆရာတော့ မချပေးရသေးဘူး။ ကျောင်းအုပ်တော့ ချထာပေးထားတယ်။ ရခိုင်ကပြောင်းရမှာ။ ဒါပေမယ့် အခုချိန်ထိ အလုပ်မဝင်သေးတဲ့အတွက် ကျောင်းဆရာ ၃ ဦးကို ၁၅ ရက်ကို တစ်ကြိမ်အလှည့်ကျစေလွတ်ပြီး စာသင်ခိုင်းထားပါတယ်။ ပညာရေး ဝန်ဆောင်ခ အဖြစ် တစ်ဦးကို သုံးသောင်းပံ့ပိုးပေးထားပါတယ်။ ကလေးတွေ စာသင်တာအခက်အခဲ ဖြစ်နေတဲ့ အတွက် ကျနော်တို့ ပညာရေးဦးစီးဌာနအနေနဲ့ ခရိုင်အဆင့်တိုင်းအဆင့် ပညာရေးဌာနတွေကို တင်ပြထားပါတယ်"လို့ ပြောပါတယ်။

တံမံ(၁)ကျေးရွာဟာ ဥက္ကံမြို့နဲ့ (၁၉)မိုင်ဝေးပြီးမိုးတွင်း အခါမှာ စက်လှေနဲ့ သွားလာရပြီး နွေအခါမှာ ဆိုင်ကယ်နဲ့သွားရပါတယ်။ လမ်းပမ်းဆက်သွယ်ရေးအခက်အခဲရှိပြီး မြို့ပေါ်သို့ နေ့စဉ် ပညာသင်ကြားဖို့အတွက် ကလေးတွေမှာ အခက်အခဲဖြစ်ပေါ်နေပါတယ်။

သတင်း - မေသွယ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013