DVB Logo
Home
မြန်မာသတင်း
ဇေယျဝတီမြို့တွင် ရဲတပ်ဖွဲ့ဝင် ၁ ဦး ရထားတိုက်သေဆုံး
DVB
·
December 7, 2017
ဇေယျဝတီမြို့တွင် ရဲတပ်ဖွဲ့ဝင် ၁ ဦး ရထားတိုက်သေဆုံး
Donate to DVB

 

ပဲခူးတိုင်းဒေသကြီး ဇေယျဝတီမြို့ ကြူအင်းကျေးရွာအနီးမှာ ဒီဇင်ဘာ ၆ ရက်နေ့ ညနေ ၆ နာရီလောက်က ရဲတပ်ဖွဲဝင်တဦး ရထားတိုက်မိပြီး သေဆုံးခဲ့တယ်လို့ ဖြူးမြို့နယ်ရဲတပ်ဖွဲ့က ပြောပါတယ်။

ရထားသံလမ်းကူး မိုင်တိုင်အမှတ် ၁၄၀/၂၂ နဲ့ ၁၄၀/၂၃ အကြားမှာ မီးရထားလမ်းကို ဆိုင်ကယ်နဲ့ ဖြတ်ကူးစဉ် မြို့ဟောင်းကနေ မလွှကုန်းဘူတာကို ခုတ်မောင်းလာတဲ့ ရထားနဲ့ တိုက်မိခဲ့ပြီး ဒဏ်ရာတွေနဲ့ အခင်းဖြစ်နေရာမှာ သေဆုံးခဲ့တာပါ။

ဖြူးမြို့နယ် ရဲတပ်ဖွဲမှူးရုံးမှ တာဝန်ရှိသူတဦးက “ဖြစ်တာကတော့ တပ်ဖွဲ့ဝင်ပါ။ သူက တောင်ငူကို တာဝန်နဲ့သွားပြီးအပြန်မှာ အဲဒီရွာဘက်ကို ခဏဝင်ပြီး ပြန်အထွက်မှာ ဖြစ်တာပါ။ နေရာမှာတင် သေဆုံးသွားပါတယ်”လို့ ပြောပါတယ်။

ရဲတပ်သားဇော်မျိုးလွင်ဟာ ညောင်ပင်သာနယ်မြေရဲတပ်ဖွဲစခန်းမှာ မှုခင်းအကူစာရေး အဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်ပါတယ်။

အဆိုပါသံလမ်းကူးနေရာမှာ ဇေယျဝတီမီရထားဘူတာနဲ့ နှစ်မိုင်လောက်ဝေးပြီး တရားမဝင် လမ်းကူးဖြစ်တာကြောင့် ဂိတ်တံခါးမရှိဘဲ အဆိုပါနေရာမှ နေ့စဉ် ကျောင်းသား ကျောင်းသူတွေ၊ ပြည်သူတွေ ရာနဲ့ချီ ဖြတ်သန်းသွားလာနေတာကြောင့် တရားဝင်ဂိတ်အဖြစ် သတ်မှတ်ပြီး ဂိတ်တခါးပြုလုပ်ပေးသင့်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရဲတပ်သားဇော်မျိုးလွင်သေဆုံးရာမှာ ဓမ္မတာအတိုင်း သေဆုံးတာဟုတ်မဟုတ် စစ်ဆေးဖို့ ဇေယျဝတီနယ်မြေရဲတပ်ဖွဲစခန်းမှ သေမှုသေခင်းအမှတ်စဉ် ၁၉/ ၂၀၁၇ အရ အမှုဖွင့် စစ်ဆေးဆောင်ရွက်နေတယ်လို့ သိရပါတယ်။

သတင်း - ကျော်အောင်(ကညွတ်ကွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013