DVB Logo
Home
မြန်မာသတင်း
ရော်ဘာဈေးနှုန်း ကျလာသဖြင့် ရွှေကျင်မြို့ ရော်ဘာလုပ်ကိုင်သူများ စိုးရိမ်
DVB
·
December 7, 2017
ရော်ဘာဈေးနှုန်း ကျလာသဖြင့် ရွှေကျင်မြို့ ရော်ဘာလုပ်ကိုင်သူများ စိုးရိမ်
Donate to DVB

ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ်မှာ ရော်ဘာဈေးနှုန်း ကျဆင်းနေပြီး ထပ်မံကျလာမှာကို ရော်ဘာခြံ လုပ်ကိုင်သူတွေ စိုးရိမ်နေကြပါတယ်။

မနှစ်က ရော်ဘာ ၁ ပေါင်ကို ကျပ် ၉၀၀ ဈေးနှုန်းနဲ့ ကုမ္ပဏီကစဖွင့်ပြီး ပြန်မကျသွားတဲ့အတွက် အဆင်ပြေပေမယ့် အခုနှစ် ကျပ် ၉၀၀ ဈေးနဲ့ စဖွင့်ပြီး ၈၀၀ ဈေးနှုန်းကို ထိုးကျသွားတာကြောင့် တဖြည်းဖြည်း ဆက်လက် ကျလာမှာကို စိုးရိမ်နေကြတာပါ။

၂၀၀၈-၂၀၀၉ ခုနှစ်လောက်က ရော်ဘာဈေးနှုန်း ၃၅၀ လောက်ထိ ကျခဲ့ပြီး ရော်ဘာဈေးကောင်းလာတာ ၃ နှစ်လောက် ရှိခဲ့ပေမယ့် ဒီနှစ် ကုမ္ပဏီဖွင့်ဈေးက ကျပ် ၉၀၀ နဲ့ စဖွင့်ပေးပြီး အခုလို ၈၀၀ ဈေး ထိုးကျလာတာကြောင့် ၂၀၀၈-၂၀၀၉ တုန်းကလိုမျိုး ပြန်ဖြစ်လာမှာ စိုးရိမ်နေရတာလို့ စစ်တောင်းတောင်ကြား ရော်ဘာခြံ စွန်သိုက်ခြံခွဲတာဝန်ခံ ဦးဇေယျာစိုးက ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့ အဓိကတင်ပို့တာက တရုတ်ပြည်ကိုပါ။ အခုလိုကျလာပြီဆို ပြန်တက်ဖို့ရာက သိပ်မလွယ်ဘူး။ ထပ်ကျဖို့ပဲ ရှိတယ်။ ဒီကထွက်တဲ့ ရော်ဘာအရည်အသွေးက ထိုင်းနိုင်ကို မမီဘူးလေ။ ဒါကြောင့် ဝယ်လိုအားကျပြီး ဈေးကျလာတာပေါ့။ မြန်မာပြည်က ရော်ဘာတွေက အရည်အသွေး ညံ့တယ်၊ အခြားနိုင်ငံတွေကို မီအောင် ဘယ်လို ကောင်းမွန်အောင် ထုတ်လုပ်ရမလဲ ဆိုတာကို အစိုးရအနေနဲ့ ကူညီမှပဲ ရမယ်။”

ရော်ဘာပင်ဟာ နှစ်ရှည်ပင်တွေဖြစ်ပြီး စိုက်ပျိုးတဲ့အချိန်ကစလို့ ၇ နှစ်ကြာလောက်မှ အစေး စခြစ်လို့ရပြီး အစေးခြစ်ဖို့အတွက် မနက် ၂ နာရီကနေ ၇ နာရီအတွင်းမှာ အစေးခြစ်ရပြီး မနက် ၉ နာရီခွဲကနေ ၁၁ နာရီအထိ အစေးပြန်လည်သိမ်းဆည်းတယ်လို့ အစေးခြစ်သူတွေက ပြောပါတယ်။

အစေးခြစ်ခအနေနဲ့ ပေါင်နှုန်းနဲ့ဆိုပါက ၁ ပေါင်ကို ကျပ် ၂၅၀ နှုန်း၊ အချို့ခြံတွေကတော့ နေ့စားအနေနဲ့ ၁ ရက်ကို ကျပ် လေး ငါးထောင်နှုန်း ရကြတယ်။ အခုလို ရော်ဘာဈေး ကျလာတော့ ကျနော်တို့လို အစေးခြစ်သူတွေအတွက်လည်း လုပ်အားခ လျော့နည်းလာမှာကို စိုးရိမ်တယ်လို့ အစေးခြစ်သူတွေက ဆိုပါတယ်။

ရွှေကျင်မြို့နယ်မှာ ရော်ဘာစိုက်ဧက ၄၂၉၃၂ ဧကရှိပြီး ရော်ဘာအစေးလှီး ဧက ၁၁၂၇၉ ရှိကို အစေးခြစ်ထုတ်လုပ်နေပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအနေနဲ့ စိုက်ပျိုးရေးအသိပညာ ပေးခြင်း၊ ထုတ်လုပ်မှုပိုင်းမှာ အသိပညာပေးခြင်းကို ကွင်းဆင်းအသိပညာပေးခြင်းတွေကို လုပ်ဆောင်ပေးနေတယ်လို့ ရွှေကျင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သက်သက်ခိုင်က ပြောပါတယ်။

သတင်း - နေလင်းထိုက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013