DVB Logo
Home
မြန်မာသတင်း
ကမ္ဘာ့ရန်ပုံငွေအဖွဲ့က ရောဂါ ၃ မျိုးအတွက် ကန်ဒေါ်လာ  ၃၂၁ ဒသမ ၄၄ သန်း ထောက်ပံ့
DVB
·
December 7, 2017
ကမ္ဘာ့ရန်ပုံငွေအဖွဲ့က ရောဂါ ၃ မျိုးအတွက် ကန်ဒေါ်လာ  ၃၂၁ ဒသမ ၄၄ သန်း ထောက်ပံ့
Donate to DVB

ကမ္ဘာ့ရန်ပုံငွေအဖွဲ့ (Global Fund)က ကျန်းမာရေးဝန်ကြီးဌာနကို ရောဂါ ၃ မျိုး တိုက်ဖျက်ရေးအတွက် အမေရိကန်ဒေါ်လာ (၃၂၁ ဒသမ ၄၄) သန်း ထောက်ပံ့လှူဒါန်း လိုက်ပါတယ်။

HIV/ AIDS၊ တီဘီရောဂါ၊ ငှက်ဖျားရောဂါ စတဲ့ ရောဂါ ၃ မျိုး တိုက်ဖျက်ရေးအတွက် လှူဒါန်းလိုက်တာဖြစ်ပြီး  ၂၀၁၈ ခုနှစ်ကနေ  ၂၀၂၀ ခုနှစ်အထိ  ၂ နှစ်အတွက် လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။

တီဘီရောဂါတိုက်ဖျက်ရေးအတွက် အမေရိကန်ဒေါ်လာ ၉၄ ဒသမ ၀၄ သန်း၊ HIV/AIDS ရောဂါတိုက်ဖျက်ရေးအတွက် အမေရိကန်ဒေါ်လာ ၁၂၉ ဒသမ ၉၆ သန်း၊ ငှက်ဖျားရောဂါ ကင်းဝေးရေးအတွက် အမေရိကန်ဒေါ်လာ ၉၇ ဒသမ ၄၄ သန်း စုစုပေါင်း အမေရိကန်ဒေါ်လာ ၃၂၁ ဒသမ ၄၄ သန်း ဆက်လက်ထောက်ပံ့လှူဒါန်းခဲ့တာပါ။

ဒီဇင်ဘာ ၆ ရက်က နေပြည်တော်မှာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးနဲ့  ကမ္ဘာ့ရန်ပုံငွေအဖွဲ့ (Global Fund)က Dr. Urban Weber ဦးဆောင်တဲ့ အဖွဲ့တို့ တွေ့ဆုံဆွေးနွေးမှုအတွင်း ဆက်လက်ထောက်ပံ့လှူဒါန်းမယ့် အစီအစဉ်ကို ချပြခဲ့တာ ဖြစ်ပါတယ်။

နှစ်ဖက် တွေ့ဆုံမှုအတွင်း ကမ္ဘာ့ရန်ပုံငွေအဖွဲ့ အထောက်အပံ့နဲ့ ဆောင်ရွက်တဲ့ ရောဂါကြီး ၃ မျိုး စီမံချက်လုပ်ငန်းများရဲ့ လုပ်ငန်းစွမ်းဆောင်ရည်အား အကဲဖြတ်ခြင်း ပြုလုပ်မယ့် Office of Inspector General (OIG) အဖွဲ့ လာရောက်မယ့်ကိစ္စ၊ ကမ္ဘာ့ရန်ပုံငွေအဖွဲ့ အထောက်အပံ့နဲ့ မြန်မာနိုင်ငံမှာ ငှက်ဖျားရောဂါ လုံးဝကင်းစင်ရေးအတွက် ဒေသတွင်းနိုင်ငံတွေနဲ့ ပူးပေါင်း ဆောင်ရွက်မယ့် 'RAI2E" စီမံချက်ကိစ္စနဲ့  တီဘီနဲ့ HIV/ AIDS ရောဂါများ တိုက်ဖျက်ရေးအတွက် ကမ္ဘာ့ရန်ပုံငွေအဖွဲ့က ဆက်လက်ပံ့ပိုးသွားမယ့် အခြေအနေတွေနဲ့စပ်လျဉ်းပြီး ဆွေးနွေးခဲ့ကြတယ်လို့ အစိုးရသတင်းမှာ ဖော်ပြပါတယ်။

Photo : MOI Webportal Myanmar

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013