DVB Logo
Home
မြန်မာသတင်း
ဖျာပုံမြို့နယ်တွင်း ပင်လယ်ငါးဖမ်းသင်္ဘော ၁ စီး နစ်မြုပ်၊ ၁ ဦးသေဆုံး ၄ ဦး ပျောက်ဆုံး
DVB
·
December 6, 2017
ဖျာပုံမြို့နယ်တွင်း ပင်လယ်ငါးဖမ်းသင်္ဘော ၁ စီး နစ်မြုပ်၊ ၁ ဦးသေဆုံး ၄ ဦး ပျောက်ဆုံး
Donate to DVB

ဧရာဝတီတိုင်း ဖျာပုံမြို့ကနေ ဒီဇင်ဘာလ ၄ ရက်နေ့က ထွက်ခွာသွားတဲ့ ရွှေပင်လယ် ငါးဖမ်းသင်္ဘောဟာ ဒီဇင်ဘာလ ၅ ရက်နေ့လည်ပိုင်းက ဖျာပုံမြို့ရဲ့ပင်လယ်ရေမိုင် ၄၅ မိုင် အရောက်မှာ နစ်မြုပ်ခဲ့ပြီး ရေလုပ်သား ၁ ဦးသေဆုံးကာ ၄ ဦး ပျောက်ဆုံးနေတယ်လို့ တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

နစ်မြုပ်ခဲ့တဲ့ရွှေပင်လယ် ငါးဖမ်းသင်္ဘောဟာ ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်မှာ နေထိုင်တဲ့ ဦးဇော်ဝင်းပိုင်တဲ့ ငါးဖမ်းသင်္ဘောဖြစ်ပြီး ဖျာပုံမြို့ကနေ ရေလုပ်သား ၁၉ ဦးနဲ့ စတင်ထွက်ခွာခဲ့ပြီး နစ်မြုပ်ချိန်မှာတော့ အနီးအနားမှာရှိတဲ့ ငါးဖမ်းစက်လှေတွေက ဆယ်ယူခဲ့တဲ့ ရေလုပ်သား ၁၄ ယောက် အသက်ရှင်ရက် ဆယ်ယူရရှိပြီး ၁ ဦးသေဆုံးကာ ၄ ဦး ပျောက်ဆုံးနေတာပါ။

ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးက ဒုရဲမှူးကြီးဦးခင်မောင်လတ်က “ရေလမ်းကြောင်း ပြောင်းပြီး လှိုင်းကြီးလို့ သင်္ဘောထဲရေ၀င်ပြီး နစ်မြုပ်သွားခဲ့တယ်။ ပျောက်ဆုံးနေတဲ့သူတွေကို အနီးပတ်ဝန်းကျင်မှာရှိတဲ့ စက်လှေတွေနဲ့ ပူးပေါင်းရှာဖွေနေပါတယ်။ တွေ့ရှိတာနဲ့ သူတို့နေရပ်ကို ပြန်ပို့ဖို့ စီစဉ်ထားပါတယ်”လို့ ပြောပါတယ်။

သေဆုံးခဲ့တဲ့ ရေလုပ်သားမှာ ရန်ကုန်တိုင်း ဒလမြို့နယ် ကစစ်ကမာကျေးရွာမှာ နေထိုင်တဲ့ ကိုမျိုးနိုင်ဆိုသူဖြစ်ပြီး ပျောက်ဆုံးနေတဲ့သူတွေကတော့ လပွတ္တာမြို့နယ်က စောစောအယ်၊ ပုသိမ်မြို့နယ်က စောဖိုးမောင်ကျော်၊ အောင်နိုင်ဌေး၊ စောထူးစေးတို့ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါငါးဖမ်းသင်္ဘောနစ်မြုပ်မှုကို လက်ရှိအချိန်ထိ အရေးယူမှု မပြုလုပ်ရသေးပဲ ဘယ်အကြောင်းကြောင်းကြောင့် နစ်မြုပ်ခဲ့ရလဲ သိမှသာ အရေးယူမှုတွေ ပြုလုပ်သွားမှာ ဖြစ်တယ်လို့ ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးက သိရပါတယ်။

သတင်း - မြမင်းဦး(ပုသိမ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013