
မတ်ပဲ
ရန်ကုန် ဘုရင့်နောင် ကုန်စည်ဒိုင်မှာတော့ မတ်ပဲက ပိဿာ ၆၀ ဝင် ၁ အိတ်ကို ၅၀,၅၀၀ ပေါက်ဈေးရှိနေပြီး မနေ့ကထက် ၁ အိတ်ကို ၁,၀၀၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေး ပွဲစားကုန်သည် စက်ပိုင်အသင်းမှာတော့ ၁ အိတ်ကို ၅၀,၀၀၀ ကျပ်ကနေ ငွေကျပ် ၅၃,၀၀၀ ပေါက်ဈေးရှိနေပြီး မန္တလေး ကုန်စည်ဒိုင်မှာလည်း ၁ အိတ်ကို ၁,၀၀၀ ကျပ် ဈေးတက်လာပါတယ်။ ရန်ကုန်နဲ့ မန္တလေး ၁ အိတ်ကို ၃,၀၀၀ ကျပ်ကျပ်နီးပါး ဈေးကွာခြားမှု ရှိပါတယ်။
ပဲစင်းငုံနီ
ပဲစင်းငုံနီကတော့ ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ၁ အိတ်ကို ၃၃,၆၀၀ ကျပ် ပေါက်ဈေးရှိနေပြီး မန္တလေးကုန်စည်ဒိုင်မှာတော့ ၁ အိတ်ကို ၃၀,၅၀၀ ကျပ် ပေါက်ဈေးရှိပါတယ်။ ရန်ကုန်ရော မန္တလေးမှာပါ ၁ အိတ်ကို ၅၀၀ ကျပ်နီးပါး ဈေးမြင့်တက်လာပြီးတော့ ၁ အိတ်ကို ၃၀၀၀ ကျော် ဈေးကွာခြားမှု ရှိပါတယ်။
ကုလားပဲလုံး v2
ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်မှာ ကုလားပဲလုံး v2 ၅၆.၂၅ ပိဿာဝင် ၁ အိတ်ကို ၈၄,၄၀၀ ကျပ် ပေါက်ဈေး ရှိနေပြီး ကုလားပဲ အများဆုံး ဝင်တဲ့ မန္တလေး ပွဲစားကုန်သည် စက်ပိုင်အသင်းမှာတော့ ၁ အိတ်ကို ၁၀၂,၀၀၀ ကျပ်ကနေ ငွေကျပ် ၁၀၃,၀၀၀ ပေါက်ဈေး ရှိနေပါတယ်။ ရန်ကုန် ကုန်စည်ဒိုင်မှာတော့ ကုလားပဲလုံးက ၁ အိတ်ကို ၅,၀၀၀ ကျပ်ကျော် ဈေးကျဆင်းသွားပြီး မန္တလေး ကုန်စည်ဒိုင်မှာတော့ ၁ အိတ်ကို ၁,၀၀၀ ကျပ် လောက် ဈေးကျဆင်းသွားပါတယ်။ ရန်ကုန်နဲ့ မန္တလေး ၁ အိတ်ကို ငွေကျပ် ၂၀,၀၀၀ နီးပါး ဈေးကွာခြားမှု ရှိပါတယ်။
စီပီပြောင်း
မန္တလေး ပွဲစားကုန်သည် စက်ပိုင်အသင်းမှာ စီပီပြောင်းက ၅၄ ပိဿာဝင် ၁ အိတ်ကို ၂၀,၀၀၀ ကျပ်နေ ၂၃,၅၀၀ ပေါက်ဈေး ရှိနေပြီး စီပီပြောင်း အများဆုံး ဝင်ရောက်တဲ့ လားရှိုး ကုန်စည်ဒိုင်မှတော့ ၁ အိတ်ကို ၂၃,၈၀၀ ကျပ်မှ ငွေကျပ် ၂၄,၈၅၀ ပေါက်ဈေးရှိပါတယ်။ လားရှိုးနဲ့ မန္တလေး ၁ အိတ်ကို ၃,၀၀၀ ကျပ်နီးပါး ဈေးကွာခြားမှု ရှိပါတယ်။
နှမ်းနက်(စမုံ)
မန္တလေး ကုန်စည်ဒိုင်မှာ နှမ်းနက်(စမုံ)က ၄၅ ပိဿာဝင် ၁ အိတ်ကို ၁၂၇,၀၀၀ ကျပ်ကနေ ငွေကျပ် ၁၂၈,၀၀၀ ပေါက်ဈေး ရှိနေပြီး ပခုက္ကူ ကုန်စည်ဒိုင်မှာတော့ ၁ အိတ်ကို ၁၀၅,၀၀၀ ကျပ်ကနေ ငွေကျပ် ၁၂၃,၀၀၀ ပေါက်ဈေး ရှိပါတယ်။ ၁ အိတ်ကို ၅,၀၀၀ ကျပ်နီးပါး ဈေးကွာခြားမှု ရှိပါတယ်။
ကြက်သွန်နီ
မြင်းခြံ ကုန်စည်ဒိုင်မှာ အသစ်ဝင်ရောက်တဲ့ မိုးကြက်သွန်နီတွေက ၁ ပိဿာကို ၅၀၀ ကျပ်ကနေ ငွေကျပ် ၂,၂၀၀ ပေါက်ဈေး ရှိနေပြီး ပခုက္ကူ ကုန်စည်ဒိုင်မှာတော့ ၁ ပိဿာကို ၆၀၀ ကျပ်ကနေ ငွေကျပ် ၂,၂၅၀ ပေါက်ဈေး ရှိပါတယ်။ ၁ အိတ်ကို ၅၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။
အခု ဖော်ပြသွားတဲ့ ဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။
သတင်း- AMIA











