DVB Logo
Home
မြန်မာသတင်း
တရားမဝင်သစ်တင်လာသည့် ၁၂ ဘီးယာဉ် တိမ်းမှောက်၊ အမျိုးသမီး ၁ ဦး သေဆုံး
DVB
·
December 6, 2017
တရားမဝင်သစ်တင်လာသည့် ၁၂ ဘီးယာဉ် တိမ်းမှောက်၊ အမျိုးသမီး ၁ ဦး သေဆုံး
Donate to DVB

 

မကွေးတိုင်းဒေသကြီး မကွေးမြို့နယ် ဒေါင်းနေကျေးရွာ အနီးရှိ မကွေး-ရေနံချောင်းကို ဆက်သွယ်ထားတဲ့ ဒေါင်းနေချောင်းကူးတံတားမှာ မနေ့ မနက် ၅ နာရီလောက်က တရားမဝင် ပိတောက်ခွဲသားတွေ တင်လာတဲ့ ၁၂ ဘီးယာဉ်တစီး ထိုးကျတိမ်းမှောက်ခဲ့ပြီး ယာဉ်ပေါ်ပါလာတဲ့ အမျိုးသမီးတဦး အခင်းဖြစ်နေရာမှာ သေဆုံးခဲ့ပါတယ်။

သတင်းအရ မကွေးမြို့နယ်သစ်တော ဦးစီးဌာနမှ သွားရောက်စစ်ဆေးခဲ့ရာ ၁၂ ဘီးယာဉ်ပေါ်မှ တရားမဝင် ပိတောက်ခွဲသား ၃၃ ချောင်း၊ ခန့်မှန်း ၃ တန်ကျော်လောက်ကို စစ်ဆေးတွေ့ရှိရပြီး တိမ်းမှောက်ယာဉ်ပေါ်ပါ မအေးပွင့်ဖြူ (၃၄) နှစ် အခင်းဖြစ်ရာနေရာမှာ သေဆုံးသွားပြီး ယာဉ်မောင်းမှာ ထွက်ပြေး တိမ်းရှောင်သွား မကွေးတိုင်းမြို့နယ် သစ်တောဦးစီးဌာနမှ ဦးခိုင်ဇော်မင်းက ပြောပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်လို့ ယာဉ်မောင်းအား စုံစမ်းဆဲဖြစ်ပြီး မကွေးမြို့မရဲစခန်း ယာဉ် (ပ)၃၆/၁၇ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က သစ်တောဥပဒေတို့ နဲ့ အရေးယူ ဆောင်ရွက်ထားရှိကာ ထွက်ပြေးတိမ်းရှောင်နေတဲ့ တရားခံပေါ်ပေါက်ရေးနဲ့ ဖမ်ဆီးရမိနိုင်ရေး ကြိုးပမ်းဆောင်ရွက်နေ တယ်လို့ မကွေးမြို့မရဲစခန်းက အမှုစစ် ဒုရဲအုပ် ကျော်သက်က ပြောပါတယ်။

သတင်း-မင်းထီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013