DVB Logo
Home
မြန်မာသတင်း
ကယား​ပြည်နယ်တွင် ​ကေအန်ပီပီ စည်း​ရုံး​ရေး​ဆင်း​မည်
DVB
·
April 17, 2012
ကယား​ပြည်နယ်တွင် ​ကေအန်ပီပီ စည်း​ရုံး​ရေး​ဆင်း​မည်
Donate to DVB

အစိုး​ရနဲ့​ ပဏာမအဆင့်​ အပစ်အခတ်ရပ်စဲပြီး​နောက် ပြည်​ထောင်စုအဆင့်​ ​ဆွေး​နွေး​မှု မလုပ်ခင် လူထုရဲ့​ အမြင်သ​ဘောထား​ကို ​မေး​မြန်း​ကောက်ယူဖို့​နဲ့​ ကရင်နီအမျိုး​သား​တိုး​တက်​ရေး​ပါတီ (​ကေအန်ပီပီ) ရဲ့​ သ​ဘောထား​တွေကို ရှင်း​ပြဖို့​ ကယား​ပြည်နယ်ကို စည်း​ရုံး​ရေး​ခရီး​ သွား​မယ်လို့​ ပါတီ​ပြောခွင့်​ရသူက ​ပြောပါတယ်။

[caption id="attachment_22268" align="alignleft" width="300" caption="ကေအန်ပီပီနှင့် အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ လက်မှတ် ရေးထိုးခဲ့စဉ်က"][/caption]

ကေအန်ပီပီအ​နေနဲ့​ အဖွဲ့​သုံး​ခု ဖွဲ့​ထား​ပြီး​ ဧပြီ ၁၈ ရက်​နေ့​ကစပြီး​ ကယား​ပြည်နယ် လွိုင်​ကော်မြို့​မှာ တဖွဲ့​၊​ ဒီ​မောဆိုနဲ့​ ဖရူဆိုမြို့​နယ်မှာ တဖွဲ့​နဲ့​ ဖား​ဆောင်း​မြို့​နယ်မှာတဖွဲ့​ ခွဲပြီး​ စည်း​ရုံး​ရေး​ဆင်း​မယ်လို့​ ​ကေအန်ပီပီ အတွင်း​ရေး​မှူး​-၂ ဦး​အောင်ဆန်း​မြင့်​က ​ပြောပါတယ်။

ဒီခရီး​စဉ်ဟာ စစ်မှန်တဲ့​ ငြိမ်း​ချမ်း​ရေး​ဖော်​ဆောင်နိုင်ဖို့​၊​ ​ကေအန်ပီပီနဲ့​ အစိုး​ရအကြား​ သ​ဘောတူညီမှုနဲ့​ ပတ်သက်လို့​ လူထုကို ရှင်း​ပြသွား​မှာလို့​ ဦး​အောင်ဆန်း​မြင့်​က ​ပြောပါတယ်။

“လက်မှတ်ထိုး​ပြီး​တဲ့​နောက်မှာ ပြည်​ထောင်စုအဆင့်​ ​တွေ့​ဆုံ​ဆွေး​နွေး​ပွဲကို သွား​ဖို့​အတွက် လူထုဆီကအသံ​တွေ၊​ လူထု လိုလား​တောင့်​တ​နေတဲ့​ လိုလား​ချက်​တွေကို ရင်း​ရင်း​နှီး​နှီး​ သွား​ယူဖို့​လိုတယ်။ ဒါ​ကြောင့်​ လူထုစည်း​ရုံး​ရေး​ ဆင်း​ဖို့​သွား​တာ ဖြစ်တယ်။ ​နောက်တခုက ပြီး​ခဲ့​တဲ့​ ပဏာမ ​တွေ့​ဆုံပွဲမှာ အချက် ၂၀ ​တောင်း​ဆိုခဲ့​တယ်။ အဲဒီအချက် ၂၀ ကိုလည်း​ သွား​ပြီး​ ရှင်း​ပြချင်တယ်။ အဲဒီအချက် ၂၀ ​ပေါ်မှာ ရရှိလာတဲ့​ ရလဒ်​တွေကိုလည်း​ ရှင်း​ပြမယ်၊​ အဲဒါက ဒုတိယ ရည်ရွယ်ချက်။ ​နောက်တချက်က လူထုနဲ့​ ရင်း​ရင်း​နှီး​နှီး​ ​တွေ့​ဆုံပြီး​တော့​ ​ကေအန်ပီပီရဲ့​ နိုင်ငံ​ရေး​ ဦး​တည်ချက်​တွေ၊​ နိုင်ငံ​ရေး​လုပ်ငန်း​စဉ်​တွေကို ရင်း​ရင်း​နှီး​နှီး​ ​တွေ့​ဆုံရှင်း​ပြချင်တယ်။ ရည်ရွယ်ချက် ၃ ချက်နဲ့​ ကျ​နော်တို့​ လူထုစည်း​ရုံး​ရေး​ ခရီး​စဉ်ကို စတာဖြစ်တယ်။”

ဒီခရီး​စဉ်ကို ဦး​အောင်ဆန်း​မြင့်​က ဦး​ဆောင်သွား​မှာ ဖြစ်ပြီး​ လုံခြုံ​ရေး​ကိုလည်း​ အစိုး​ရနဲ့​ ညှိနှိုင်း​ထား​ပြီး​ ဖြစ်တဲ့​အတွက် အစိုး​ရတပ်က တာဝန်ယူ​ပေး​သွား​မှာလို့​ ဆိုပါတယ်။

ကေအန်ပီပီနဲ့​ အစိုး​ရဟာ ပြီး​ခဲ့​တဲ့​ မတ်လ ၇ ရက်​နေ့​က လွိုင်​ကော်မြို့​မှာ အပစ်အခတ်ရပ်စဲ​ရေး​ ​တွေ့​ဆုံ​ဆွေး​နွေး​ခဲ့​ကြပြီး​ နှစ်ဦး​နှစ်ဖက် အပစ်အခတ်ရပ်စဲ​ရေး​၊​ ဆက်ဆံ​ရေး​ရုံး​ ဖွင့်​လှစ်ထား​ရှိ​ရေး​နဲ့​ ပြည်​ထောင်စုအဆင့်​ ​တွေ့​ဆုံ​ဆွေး​နွေး​ပွဲ ထပ်မံ ပြုလုပ်​ရေး​ စတဲ့​ အချက် ၃ ချက် ပဏာမ သ​ဘောတူ လက်မှတ်​ရေး​ထိုး​ခဲ့​ကြပါတယ်။

ကေအန်ပီပီကို မတရား​အသင်း​အဖွဲ့​အဖြစ် ထုတ်ပြန်ထား​ရာက​နေ အပစ်အခတ်ရပ်စဲပြီး​ ၁၅ ရက်အတွင်း​ ရုပ်သိမ်း​ကြောင်း​ ​ကြေညာ​ပေး​ဖို့​၊​ အပစ်အခတ်ရပ်စဲ​ရေး​ သ​ဘောတူညီမှု လက်မှတ်​ရေး​ထိုး​ပြီး​နောက် ၆ လအတွင်း​ တပြည်လုံး​ အသွင်​ဆောင်တဲ့​ နိုင်ငံ​ရေး​အရ ​တွေ့​ဆုံ​ဆွေး​နွေး​မှု အမြန်ဆုံး​ အ​ကောင်အထည်​ဖော်ဖို့​ စတင်နိုင်ရမယ်ဆိုတဲ့​ အချက်​တွေကို ​တောင်း​ဆိုထား​ပါတယ်။

ဒါ့​အပြင် ကရင်နီပြည်တွင်း​ အ​ကောင်အထည်​ဖော်​နေတဲ့​ စီမံကိန်း​နဲ့​ ပြုပြင်မွမ်း​မံမှု​တွေကို နိုင်ငံ​ရေး​အရ ​တွေ့​ဆုံ​ဆွေး​နွေး​မှု မပြီး​ပြတ်​သေး​တဲ့​ ကာလမှာ ရပ်ဆိုင်း​ထား​ဖို့​၊​ လက်ရှိကျန်း​မာ​ရေး​၊​ ပညာ​ရေး​နဲ့​ လူမှု​ရေး​လုပ်ငန်း​တွေကို လုပ်​ဆောင်​နေတဲ့​ နိုင်ငံတကာအဖွဲ့​တွေကို ဆက်လက် လုပ်​ဆောင်ခွင့်​ပေး​ဖို့​ အပါအဝင် အချက် ၂၀ ကို ​တောင်း​ဆိုခဲ့​ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
ကယား​ပြည်နယ်တွင် ​ကေအန်ပီပီ စည်း​ရုံး​ရေး​ဆင်း​မည်