DVB Logo
Home
မြန်မာသတင်း
တရုတ်ဝယ်လက်ကြောင့် မြိတ်ဒေသထွက် ငါးဖောင်ဆံများ ဈေးကောင်းရ
DVB
·
December 6, 2017
တရုတ်ဝယ်လက်ကြောင့် မြိတ်ဒေသထွက် ငါးဖောင်ဆံများ ဈေးကောင်းရ
1 / 4
Donate to DVB


ထိုင်းနဲ့ တရုတ်ဟင်းလျာတွေမှာ ထည့်သွင်းချက်ပြုတ်စားသောက်ရတဲ့ မြိတ်ဒေသထွက် ရေထွက်ပစ္စည်းတွေထဲမှ ငါးဆီဖောင်း ခေါ် ငါးဖောင်ဆံဟာ တရုတ်ဝယ်လက်ကြောင့် ဈေးကွက်တွင်း အရောင်းအ၀ယ်များနေပြီး ဈေးကောင်းရရှိနေတယ်လို့ ငါးဖောင်းဆံ အ၀ယ်ဒိုင်တွေက ပြောပါတယ်။


ကျွန်းစုမြို့နယ် စခန်းသစ်ကျေးရွာနေ ငါးဖောင်းဆံ အ၀ယ်ဒိုင်မှ ဦးဝင်းကိုကိုက “ငါးဖောင်းဆံက အရည်အသွေး ကောင်းရင်ကောင်းသလို ဈေးကောင်းရပါတယ်။ အညံ့ဆုံး ငါးဖောင်းဆံဆိုရင် တစ်ပိသာကို ၂ သိန်းလောက်ရှိတယ်။ အရည်အသွေး တအားကောင်းတဲ့ ပစ္စည်းဆိုရင် ၅ သိန်းမှ သိန်း ၂၀ အထိ ဈေးရှိတယ်”လို့ ရှင်းပြပါတယ်။
မြိတ်ဒေသထွက် ငါးဖောင်းဆံဟာ ငါးရွှေနဲ့ ကကူရံငါး စတဲ့ ငါးအကောင်ကြီးတွေရဲ့ ၀မ်းဗိုလ်အတွင်းမှ ထွက်ရှိတဲ့ ငါးဖောင်းဆံဖြစ်ပါတယ်။

ငါးဖောင်းဆံတွေကို အရင်က အိမ်နီးချင်းထိုင်းနိုင်ငံကို အဓိကထား တင်ပို့ရောင်းချခဲ့ ပေမယ့် လက်ရှိမှာ ရန်ကုန်ဈေးကွက်မှတဆင့် တရုတ်နိုင်ငံကို အများဆုံးတင်ပို့ရောင်းချနေပြီး ဈေးအမြင့်ဆုံး ရရှိနေတယ်လို့ ရေထွက်ပစ္စည်း အရောင်းအ၀ယ်အသိုင်းအ၀ိုင်းမှ သိရပါတယ်။


ငါးဖောင်းဆံကို ဟင်းလျာတွေမှာ ထည့်သွင်းချက်ပြုတ်စားသောက်ရတာဖြစ်ပြီး အာဟာရဓာတ်ပြည့်ဝတဲ့ အစားသောက်မျိုး ဖြစ်ပါတယ်။


မြိတ်ဒေသထွက် ရှာပါးရေထွက်ပစ္စည်းတွေထဲမှ ရေနယား၊ ငါးဖောင်းဆံ၊ ပင်လယ်ရေမျော့တွေကိုလည်း တရုတ်ဈေးကွက်ကို အများဆုံး တင်ပို့ရောင်းချကြောင်း သိရပါတယ်။
သတင်း - ဇော်ဇော် (မြိတ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013