DVB Logo
Home
မြန်မာသတင်း
ထ​နောင်းလွင်​ပြင်​ ပန်းချီ ပန်းပု ပြပွဲ မြင်းခြံတွင်​ ပထမဆုံးအကြိမ်ြ​ပသ
DVB
·
December 6, 2017
ထ​နောင်းလွင်​ပြင်​ ပန်းချီ ပန်းပု ပြပွဲ မြင်းခြံတွင်​ ပထမဆုံးအကြိမ်ြ​ပသ
1 / 7
Donate to DVB

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့မှာ မြန်မာနိုင်ငံ ပန်းချီ ပန်းပုအစည်းအရုံး (မြင်းခြံ) အဖွဲ့က ထနောင်းလွင်ပြင် အမည်နဲ့ ပန်းချီ ပန်းပု ပြပွဲကို ဒီဇင်ဘာ ၅ နေ့က ပြုလုပ်ခဲ့ပါတယ်။

မြင်းခြံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးရုံးမှာ ပန်းချီ ပန်းပု ပြပွဲနဲ့ အရောင်းပြခန်းကို ပထမဆုံးအကြိမ် ကျင်းပ ပြုလုပ်ခဲ့ကြတာပါ။

ပန်းချီ ပန်းပု အစည်းအရုံးမှ နာယက ဦးကျော်သန်းက “မြင်းခြံမြို့အနေနဲ့ ပန်းချီရေးတဲ့ လူငယ်တွေကို မနှစ်ကတည်းက မြို့နယ် ပန်းချီအစည်းအရုံးဖွဲ့စည်းပြီးတော့ ရန်ကုန်မှာ ပထမဆုံးအကြိမ် တပွဲ ပြသခဲ့တယ်။ မြင်းခြံမှာ မပြဖူးသေးတဲ့အတွက် ပထမဆုံးအကြိမ် ပြသခဲ့တာပါ။ အဓိက ရည်ရွယ်ချက်ကတော့ လူငယ်တွေ ပန်းချီပညာကို ပိုမိုစိတ်ဝင်စားပြီး လူငယ်တွေရဲ့ ပညာရေး၊ ကျန်းမာရေး၊ အသိပညာ ကျယ်ဝန်းလာသလို ရသပညာရေးလည်း တိုးတက်ဖွံ့ဖြိုးစေဖို့ ရည်ရွယ်ပြီး ပြုလုပ်တာပါ။ နွေရာသီ ကျောင်းပိတ်ရက်တွေမှာလည်း ကလေးသူငယ်တွေကို သင်တန်းတွေပို့ချပေးသွားဖို့ ရှိပါတယ်။ အခါအားလျော်စွာ ပန်းချီပြပွဲတွေ ပြိုင်ပွဲတွေ ကျင်းပပြုလုပ်ပေးသွားဖို့ အစီအစဉ်တွေလည်း ရှိပါတယ်”လို့ ဒီဗွီဘီကို ပြောပါတယ်။

၂၀၁၆ ခုနှစ်ကစပြီး မြို့နယ် ပန်းချီ ပန်းပု အစည်းအရုံးကို ဖွဲ့စည်းခဲ့ပြီး ပန်းချီ ရေးနိုင် ပြနိုင်တဲ့ ပန်းချီဆရာ အယောက် ၅၀ လောက်ရှိကာ လက်ရှိမှာတော့ ပန်းချီဆရာ ၁၀ ဦးလောက်ရဲ့ ပန်းချီလက်ရာ အမျိုးအစားပေါင်း ၆၀ ခန့် ပြသခဲ့တာလည်း ဖြစ်ပါတယ်။

အဲဒီ ပန်းချီ ပန်းပု ပြပွဲကို ပန်းချီဝါသနာရှင်တွေနဲ့ ဖိတ်ကြားထားတဲ့ ဧည့်သည်တွေ တက်ရောက်ခဲ့ကြပါတယ်။

သတင်း - ရီရီထွန်း (မြင်းခြံ)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013