DVB Logo
Home
မြန်မာသတင်း
ခရီးသွားလုပ်ငန်းကလွဲပြီး စီးပွားရေးကဏ္ဍတွင် တိုးတက်မှု မပြနိုင်သေးဟု ဒုသမ္မတ ပြော
DVB
·
December 6, 2017
ခရီးသွားလုပ်ငန်းကလွဲပြီး စီးပွားရေးကဏ္ဍတွင် တိုးတက်မှု မပြနိုင်သေးဟု ဒုသမ္မတ ပြော
Donate to DVB

 

ခရီးသွားလုပ်ငန်းကလွဲပြီး စီးပွားရေးကဏ္ဍမှာ သိသာထင်ရှားတဲ့ တိုးတက်မှုတွေကို ပြသနိုင်ဖို့ လိုနေသေးတယ်လို့  ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောပါတယ်။

ဒီဇင်ဘာ ၅ရက်က နေပြည်တော်မှာကျင်းပတဲ့ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးမှာ ပြောခဲ့တာဖြစ်ပြီး အထူးစီးပွားရေးဇုန်တွေ တိုးတက်လာပါက နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးမှု သိသာထင်ရှားလာမယ်လို့ ယုံကြည်တယ်လို့လည်း ပြောပါတယ်။

“အစိုးရသစ် တာဝန်ယူခဲ့တာ (၁)နှစ်(၈)လရှိပြီဖြစ်ပါတယ်။ နိုင်ငံ့စီးပွားရေးဖွံ့ဖြိုး တိုးတက်ဖို့အတွက် ဝန်ကြီးဌာနအသီးသီးက ကျရာ ကဏ္ဍကနေ ကြိုးပမ်းဆောင်ရွက်နေတာ အားလုံးအသိပဲ ဖြစ်တယ်။ ဒါပေမယ့် ခရီးသွားလုပ်ငန်းကလွဲပြီး စီးပွားရေးကဏ္ဍမှာ သိသာထင်ရှားတဲ့ တိုးတက်မှုတွေကို ပြသနိုင်ဖို့ လိုနေသေးတာ တွေ့ရတယ်။”လို့ ဒုသမ္မတက ပြောပါတယ်။

အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီတွေ ဖွဲ့စည်းပေးခဲ့တာ ၁ နှစ်ကျော် ရှိနေပြီး လုပ်ငန်းများလေ့လာမှုအတွက် အချိန်ရခဲ့ပြီးဖြစ်လို့  အထူးစီးပွားရေးဇုန်တွေ ဖွံ့ဖြိုးတိုးတက်လာဖို့ အားစိုက်ခွန်စိုက် ကြိုးပမ်းကြစေလိုတယ်လို့လည်းပြောပါတယ်။

နိုင်ငံအတွင်းမှာ လက်ရှိ သီလ၀ါအထူးစီးပွားရေးဇုန်၊ ထားဝယ်အထူးစီးပွားရေးဇုန်၊ ကျောက်ဖြူအထူးစီးပွားရေးဇုန်၊ထားဝယ်အထူးစီးပွားရေးဇုန်တို့ကို အကောင်အထည်ဖော် လုပ်ဆောင်နေပြီး မနေ့က အစည်းအဝေးမှာ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ရန်ကုန်အထူးစီးပွားရေးဇုန်ကို တည်ထောင်ဖို့ တင်ပြခဲ့ပါတယ်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အထူးစီးပွားရေးဇုန် လုပ်ငန်းတွေ အကောင်အထည်ဖော်လုပ်ဆောင်ရာမှာ ဒေသခံပြည်သူလူထုရဲ့ သဘောထားကို အလေးထားပြီး အလုပ်အကိုင်အခွင့်အလမ်း ရရှိရေးအတွက် ဦးစားပေးဆောင်ရွက်ဖို့ လမ်းညွှန်မှာကြားထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013