DVB Logo
Home
မြန်မာသတင်း
ပြည်သူ့​ဂုဏ်ရည်ဆု ပဏာမ စာရင်း​ ထုတ်ပြန်
DVB
·
April 17, 2012
ပြည်သူ့​ဂုဏ်ရည်ဆု ပဏာမ စာရင်း​ ထုတ်ပြန်
Donate to DVB

မြန်မာပြည်မှာ ​စေတနာ့​ဝန်ထမ်း​ လူမှုလုပ်ငန်း​ လုပ်​နေသူ​တွေကို ဂုဏ်ပြု ချီး​မြှင်တဲ့​ တတိယအကြိမ် ပြည်သူ့​ဂုဏ်ရည်ဆု (Citizen of Burma Award) အတွက် ဆန်ကာတင်စာရင်း​ဝင် ၂၀ ဦး​ကို ​ရွေး​ချယ်လိုက်ပါတယ်။

အ​မေရိကန်နိုင်ငံ နယူး​ယောက်မှာ ​မေ ၂၇ ရက်​နေ့​ ကျင်း​ပမယ့်​ ဆု​ရွေး​ချယ်​ပေး​အပ်ပွဲအတွက် ပဏာမ အဆင့်​ ၂၀ ဦး​ စာရင်း​ကို ဂုဏ်ပြုပွဲ အခမ်း​အနား​များ​ ကျင်း​ပ​ရေး​ ဗဟိုလုပ်ငန်း​ကော်မတီက ထုတ်ပြန်လိုက်ပါတယ်။

ဆုအတွက် အမည်စာရင်း​ တင်သွင်း​တာကို မတ်လ ၃၁ ရက်​နေ့​အထိ လက်ခံခဲ့​ပြီး​တော့​ လူ ၃၃ ဦး​ အဆိုပြုထား​တဲ့​အထဲက​နေ ၂၀ ဦး​ ထပ်မံ​ရွေး​ချယ်လိုက်တာလို့​ ပြည်သူ့​ဂုဏ်ရည်ဆု အင်တာနက် စာမျက်နှာမှာ ​ရေး​သား​ထား​ပါတယ်။

ဒီပဏာမ အမည်စာရင်း​ထဲက ​နောက်ဆုံး​ ဆန်ကာတင် ၅ ဦး​ကို အ​မေရိကန်ပြည်​ထောင်စုအတွင်း​နဲ့​ ပြည်ပနိုင်ငံများ​မှာရှိတဲ့​ ပြည်သူ့​ဂုဏ်ရည် ဌာနခွဲများ​ တည်ရှိရာ မြို့​အသီး​သီး​က ဧပြီ ၂၂ ရက်​နေ့​ ​နောက်ဆုံး​ထား​ ​ရွေး​ချယ်မယ်လို့​လည်း​ ဆိုပါတယ်။

၂၀၁၂ ခုနှစ် ပြည်သူ့​ဂုဏ်ရည်ဆုအတွက် ပဏာမ စာရင်း​ဝင်တဲ့​ အသင်း​အဖွဲ့​တွေက​တော့​ ဇီဝိတဒါန သံဃာ့​ဆေး​ရုံ၊​ ဗြဟ္မစိုရ် လူမှုကူညီ​ရေး​အသင်း​၊​ မွတ်စလင် ကုသိုလ်ဖြစ်​ဆေး​ရုံ၊​ ရခိုင်သဟာရအသင်း​ (ရန်ကုန်)၊​ ​ရွှေခြ​င်္သေ့​ လူမှု​စောင့်​ရှောက်​ရေး​အဖွဲ့​၊​ လူမှုအ​ထောက်အကူပြုအဖွဲ့​ (အမျိုး​သား​ဒီမိုက​ရေစီ အဖွဲ့​ချုပ်)၊​ သုခရိပ်မြုံ အိပ်ခ်ျအိုင်ဗွီကူး​စက်ခံ မိဘမဲ့​လေး​များ​ဂေဟာ၊​ ​မေတ္တာ ဖွံ့​ဖြိုး​တိုး​တက်​ရေး​ ​ဖောင်​ဒေး​ရှင်း​နဲ့​ စွမ်း​ရည်ဖွံ့​ဖြိုး​တိုး​တက်​ရေး​ ​ဖောင်​ဒေး​ရှင်း​တို့​ ဖြစ်ပါတယ်။

ရဟန်း​သံဃာ​တော်များ​နဲ့​ လူပုဂ္ဂိုလ်​တွေက​တော့​ အရှင်ဥာဏိဿရ၊​ အရှင်နာယက (မန္တ​လေး​ ​ဖောင်​တော်ဦး​ကျောင်း​ဆရာ​တော်)၊​ အရှင် ပညာစာရ၊​ ဆရာ​တော် ဦး​အာစိဏ္ဏ (​တေဇာရာမ ဘုန်း​တော်ကြီး​သင်အလယ်တန်း​ကျောင်း​)၊​ ဦး​ဖိုး​ဖြူ (ခ) ဦး​ရန်နိုင်​အောင်၊​ ​မေတ္တာမွန် ကုန်​လှောင်ရုံ မီး​လောင်မှုမှာ အသက်​ပေး​သွား​တဲ့​ မီး​သတ်ရဲ​ဘော် ၅ ဦး​၊​ ဦး​ရောဘတ်စန်း​အောင်၊​ လဖိုင်​နော်မိန်း​၊​ ဦး​သန်း​နိုင် (Community Water Filtration System)၊​ ​ဒေါ်သန်း​မြင့်​အောင်၊​ ဦး​အုန်း​ (Minamata Environmental Award ဆုရှင်) တို့​ဖြစ်ပါတယ်။

ပထမအကြိမ် ပြည်သူ့​ဂုဏ်ရည်ဆုကို နာ​ရေး​ကူညီမှုအသင်း​မှ ဦး​ကျော်သူနဲ့​ ဒုတိယအကြိမ် ပြည်သူ့​ဂုဏ်ရည်ဆုကို ​ရွှေဝါ​ရောင် သံဃာ့​အ​ရေး​အခင်း​ကြောင့်​ အကျဉ်း​ကျခံ​နေရပြီး​ ​ထောင်ဝင်စာ​တွေ့​မယ့်​သူ မရှိတဲ့​သံဃာ​တော်​တွေနဲ့​ သီလရှင်​တွေကို အပတ်စဉ် ​ထောင်ဝင်စာ ​ပေး​ပို့​ခဲ့​တဲ့​ ​ဒေါ်ရှုက ရရှိခဲ့​ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013