DVB Logo
Home
မြန်မာသတင်း
ရိုဟင်ဂျာကိစ္စ လူ့အခွင့်အရေးကောင်စီအထူးအစည်းအဝေးကျင်းပ၊ စုံစမ်းစစ်ဆေးရန်တောင်းဆို
DVB
·
December 5, 2017
ရိုဟင်ဂျာကိစ္စ လူ့အခွင့်အရေးကောင်စီအထူးအစည်းအဝေးကျင်းပ၊ စုံစမ်းစစ်ဆေးရန်တောင်းဆို
1 / 2
Donate to DVB

ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက်မှုကျူးလွန်သူတွေကို နိုင်ငံတကာပြစ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင်အကြီးအကဲက တောင်းဆို လိုက်ပါတယ်။

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေနဲ့ တခြားလူနည်းစုတွေရဲ့ လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်လို့ ဒီဇင်ဘာ ၅ ရက် မနက်  ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့က ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှာ အထူးအစည်းအဝေးခေါ်ယူကျင်းပရာမှာ တောင်းဆိုလိုက်တာပါ။

ဘင်္ဂလားဒေ့ရှ်နဲ့ ဆော်ဒီအာရေဗျနိုင်ငံတွေရဲ့တောင်းဆိုချက်အပေါ် အမေရိကန်နဲ့ ယူကေအပါအ၀င် နိုင်ငံပေါင်း ၇၃ နိုင်ငံရဲ့ ထောက်ခံမှုနဲ့ ဒီအစည်းအဝေးကို ခေါ်ယူ ကျင်းပတာဖြစ်ပါတယ်။

ရိုဟင်ဂျာတွေအပေါ် ကျယ်ကျယ်ပျံ့ပျံ့၊ စနစ်တကျနဲ့ ထိတ်လန့်စရာ လူမဆန်တဲ့ တိုက်ခိုက်မှုတွေနဲ့ ဆယ်စုနှစ်များစွာ ခွဲခြားဆက်ဆံနှိပ်ကွပ်မှုတွေကို ရှုတ်ချတယ်လို့လည်း ကုလသမဂ္ဂလူ့အခွင့်အရေးကော်မရှင်မင်းကြီး  ဇအစ်အယ်လ်ဟူစိန်ကပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013