DVB Logo
Home
မြန်မာသတင်း
ကန်တော်ကြီးဝင်းအတွင်း နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုစာရင်းများထပ်တွေ့
DVB
·
December 5, 2017
ကန်တော်ကြီးဝင်းအတွင်း နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုစာရင်းများထပ်တွေ့
Donate to DVB

 

ရန်ကုန်မြို့ ကန်တော်ကြီးဝင်းထဲမှာ နိုင်ငံသားစိစစ်ရေးကတ်နဲ့ အိမ်ထောင်စုစာရင်းတွေ ထပ်တွေ့ခဲ့တယ်လို့ ပြည်ထဲရေးက သတင်းထုတ်ပြန်ပါတယ်။

ရေစိုပြီး ပြန့်ကျဲနေတဲ့ အိမ်ထောင်စုစာရင်း မူရင်း ၂၁ ခုနဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြား ၁၂၂ ခု တွေ့ခဲ့ရတာပါ။

ဒီဇင်ဘာ ၃ ရက်နေ့က နဂါးကျွန်း မြက်ခင်းမှာ စည်ပင်ဝန်ထမ်းတယောက်က တွေ့လို့ ဗဟန်းမြို့မရဲစခန်းကို လာအပ်ခဲ့တာလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂ ရက်နေ့ကလည်း အဲဒီနေရာ ဝန်းကျင်ကနေ နိုင်ငံသားစိစစ်ရေး ကတ်ပြား ၁၂၉ ခုနဲ့ အိမ်ထောင်စုစာရင်း ၂၁ ခု ကောက်ရလို့ ဗဟန်းရဲစခန်းမှာ အပ်နှံခဲ့သေးတာ ဖြစ်ပါတယ်။

ဒါတွေနဲ့ ပတ်သက်ပြီး တရားဝင် ထုတ်ပေးထားတာတွေ ဟုတ်၊ မဟုတ် သက်ဆိုင်ရာ  တိုင်းနဲ့ ပြည်နယ် လဝက ဦးစီးမှူးရုံးတွေကို ဆက်သွယ်ထားတယ်လို့လည်း ထုတ်ပြန်ထား ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013