DVB Logo
Home
မြန်မာသတင်း
ထောက်ကြန့်တွင် သံဃာကိုရိုက်နှက်သူ နောက်တဦးမှာ ကျောင်းထိုင်ဆရာတော်တပါးဖြစ်နေ
DVB
·
December 5, 2017
ထောက်ကြန့်တွင်  သံဃာကိုရိုက်နှက်သူ နောက်တဦးမှာ ကျောင်းထိုင်ဆရာတော်တပါးဖြစ်နေ
Donate to DVB

 

မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်မှာ  သံဃာတစ်ပါးကိုရိုက်နှက်သူထဲက နောက်တဦးဟာ  ကျောင်းထိုင်ဆရာတော်တပါးဖြစ်ပြီး သူ့ကို ဖမ်းမိထားပြီလို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

နိုဝင်ဘာ ၂၈ ရက်က  မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်၊ တောင်ပိုင်းရပ်ကွက်ရှိ လမင်းသာ (၂) စားသောက်ဆိုင်မှာ သံဃာတပါးကို ဆိုင်ရှင်ဦးအောင်မိုးနဲ့  ဆိုင်မှာရောက်နေတဲ့ ဦးမြင့်ကျော်ဆိုသူတို့က ရိုက်နှက်ခဲ့ကြပါတယ်။

ဆိုင်ရှင် ဦးအောင်မိုးဆိုသူကို ရဲတပ်ဖွဲ့က ဒီဇင်ဘာ ၃ ရက်မှာ ဖမ်းမိပြီး နောက်တဦးကို လိုက်လံစုံစမ်းရှာဖွေတဲ့အခါ ဦးမြင့်ကျော်ဆိုသူဟာ ခမုံရွာမ၊ ခမုံကျေးရွာအုပ်စု၊ အေးမြစံပျော် ကျောင်းတိုက် ကျောင်းထိုင်ဆရာတော်တပါးဖြစ်နေပါတယ်။

သူဟာ လူမှုရေးကိစ္စများ၊ အရက်သေစာသောက်စားခြင်းများ မကြာခဏပြုလုပ်တတ်လို့ ကျေးရွာနဲ့ အဆင်မပြေတဲ့  ဘုန်းကြီးတပါးဖြစ်ကြောင်း စိစစ်တွေ့ရှိရပြီး အခု ပြစ်မှုကျူးလွန်ရာ နေရာကိုလည်း Facebookကနေ  ရည်းစားဖြစ်နေသူနဲ့ ချိန်းတွေ့ဖို့ လူဝတ်လဲပြီး ရောက်ရှိနေတာ ဖြစ်တယ်လို့ ရဲသတင်းမှာ ဖော်ပြပါတယ်။

ထောက်ကြန့်လမ်းဆုံက လမင်းသာ(၂) စားသောက်ဆိုင်မှာ သောက်စားနေတုန်း ပြစ်မှု ကျူးလွန်ကြောင်း စစ်ဆေးပေါ်ပေါက်တဲ့အတွက် ပြစ်မှုကျူးလွန်သူ အောင်မိုးနဲ့ မြင့်ကျော် (ခ) မြင့်သိန်း (ခ) ဥူးပညာသာရတို့ နှစ်ဦးကို ဥပဒေနဲ့အညီ ဆက်လက်အရေးယူသွားမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013