DVB Logo
Home
မြန်မာသတင်း
အမေရိကန်ကုမ္ပဏီကိုယ်စားလှယ်များနှင့် မြန်မာလုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေး
DVB
·
December 5, 2017
အမေရိကန်ကုမ္ပဏီကိုယ်စားလှယ်များနှင့် မြန်မာလုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေး
1 / 2
Donate to DVB

အမေရိကန် ကုမ္ပဏီကိုယ်စားလှယ်တွေနဲ့ မြန်မာလုပ်ငန်းရှင်တွေ တွေ့ဆုံပြီး လက်ရှိ စီးပွားရေးအခြေအနေတွေနဲ့ ပူးပေါင်းဆောင်ရွက်နိုင်မယ့်အခွင့်အလမ်းတွေကို ဆွေးနွေးကြဖို့ ရှိပါတယ်။

အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီဥက္ကဋ္ဌ အလက်ဇန္ဒားဖဲလ်ဒ်မန်း ဦးဆောင်တဲ့ အမေရိကန် ကုမ္ပဏီ ၁၅ ခုက ကိုယ်စားလှယ်တွေနဲ့ မြန်မာလုပ်ငန်းရှင်တွေ ဒီဇင်ဘာ ၆ရက်မှာ တွေ့ဆုံ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

အမေရိကန်စီးပွားရေးကိုယ်စားလှယ်အဖွဲ့မှာ ဘဏ်လုပ်ငန်း (Credit card)၊ ဆေးဝါးလုပ်ငန်း၊ အလှကုန်လုပ်ငန်း၊ မော်တော်ယာဉ်လုပ်ငန်း (Ford & Chevrolet) စတဲ့ လုပ်ငန်းကဏ္ဍ ၁၀ ခုက လုပ်ငန်းရှင်တွေ ပါဝင်တယ်လို့ ကုန်သည်စက်မှုအသင်းချုပ်က သတင်းထုတ်ပြန်ပါတယ်။

မြန်မာစီးပွားရေးလုပ်ငန်းရှင် ဦးအေးလွင်က အမေရိကန်ကား ကုမ္ပဏီတွေ ပြည်တွင်းမှာ လာရောက်ရင်းနှီးမြှုပ်နှံရင် အလုပ်အကိုင်အခွင့်အလမ်းတွေ ထွက်ပေါ်လာနိုင်တယ်လို့ ပြောပါတယ်။

“နံပတ်တစ် ကုမ္ပဏီဆိုတော့ လုပ်ငန်းအကျိုးရှိမလား ကြည့်မယ်၊ နံပတ်နှစ် လုပ်လို့ လွယ်မလားဆိုတာ ကြည့်မယ်၊ နံပတ်သုံး ကျနော်တို့ဘက်ကတော့ ကျနော်တို့ပြည်သူတွေ အလုပ်အကိုင်အခွင့်အလမ်း များများရမယ့်လုပ်ငန်းမျိုးတွေကို ပိုပြီး ကြိုဆိုတယ်။ နံပတ်လေး ကတော့ သူတို့လာမယ်ဆိုတဲ့ ဥပမာ မော်တော်ကားထုတ်လုပ်မယ့် လုပ်ငန်းတွေကို ကြိုဆိုရ မှာပေါ့။ မော်တော်ကားထုတ်လုပ်တဲ့လုပ်ငန်းတွေ လာမယ်ဆိုရင် မော်တော်ကားထုတ်လုပ်တဲ့ ဆက်စပ်တဲ့ သူတို့ရဲ့ ဆက်စပ်အစိတ်အပိုင်းတွေဖြစ်တဲ့ တာယာ လုပ်တာ မော်တော်ကားနဲ့ ဆက်စပ်တဲ့ မီးခွက် မီးလုံး ဒါတွေ အားလုံးကို ဆပ်စပ်အစိတ်အပိုင်းထုတ်လုပ်တာတွေ မြန်မာပြည်မှာ တည်ထောင်ပေးရင် အသေးစားအလတ်စားတွေက အလုပ်အကိုင်အခွင့်အလမ်း ရမယ်။”

ရန်ကုန်မြို့ လမ်းမတော်မြို့နယ် မင်းရဲကျော်စွာလမ်း ကုန်သည်စက်မှုအသင်းချုပ်မှာ မနက်ဖြန် လုပ်မယ့် အမေရိကန် ကုမ္ပဏီကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးပွဲကို တက်ရောက်လိုကြတဲ့ လုပ်ငန်းရှင်တွေကို အသင်းချုပ်က ဖိတ်ခေါ်ထားပါတယ်။

အမေရိကန်အနေနဲ့  မြန်မာနိုင်ငံမှာ လုပ်ငန်းပေါင်း ၁၉ခု ဒေါ်လာသန်း ၃၇၆ သန်းကျော်ရင်းနှီးမြှုပ်နှံထားပြီး နိုင်ငံအလိုက်ရင်းနှီးမြှုပ်နှံမှုအများဆုံး အဆင့် ၁၃ ရှိတယ်လို့ မြန်မာအစိုးရ တရားဝင်ထုတ်ပြန်တဲ့ စာရင်းအရသိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013