
တရုတ်နိုင်ငံအရှေ့ပိုင်း ကမ်းရိုးတန်းက ရှန်ဒေါင်းပြည်နယ် ၀ီဟိုင်းမြို့အနီး ပင်လယ်ပြင်မှာ ဒီဇင်ဘာ ၄ ရက်က စက်လှေတစ်စီး နစ်မြုပ်သွားပြီး မြန်မာ ၇ ဦးကို ကယ်ဆယ်နိုင်ခဲ့ကာ ၃ ဦးပျောက်ဆုံးနေတယ်လို့ တရုတ် ဆင်ဟွာသတင်းမှာ ဖော်ပြပါတယ်။
"SHENG HAI" အမည်ရှိတဲ့ စက်လှေဟာ တောင်ကိုရီးယားနိုင်ငံ ဘူဆန်ကနေ တရုတ်နိုင်ငံ ရှန်ဒေါင်းပြည်နယ် ရန်တိုင်ကို အသွား မနက် ၉ နာရီလောက်က လေပြင်းတွေတိုက်ပြီး နစ်မြုပ်သွားခဲ့တာလို့ ဆိုပါတယ်။
လှေပေါ်မှာလိုက်ပါသွားတဲ့ မြန်မာ ၁၀ ဦးကို တရုတ်ရေတပ်နဲ့ ပုဂ္ဂလိက လှေတွေက ရှာဖွေကယ်ဆယ်ရာမှာ ၇ ဦးကို ကယ်ဆယ်နိုင်ခဲ့ပြီး ကျန် ၃ ဦးကတော့ ရှာဖွေနေဆဲပဲလို့ ဆိုပါတယ်။
တရုတ်လူဝင်မှုကြီးကြပ်ရေးက မြန်မာလုပ်သားတွေကို တရုတ်နိုင်ငံထဲ ၀င်ခွင့်အမြန်ပေး ခဲ့ပြီး ၆ ဦးကို ဆေးရုံကိုပို့ဆောင်ခဲ့ပါတယ်။ ၁ ဦးကတော့ အဆုတ်ရောင် နမိုးနီးယားရောဂါနဲ့ ဆေးကုသမှုခံယူနေရကာ ကျန် ၅ ဦးကတော့ အခြေအနေ ကောင်းမွန်တယ်လို့သိရပါတယ်။











