DVB Logo
Home
မြန်မာသတင်း
တိုက်ကြီးမြို့နယ် ကျေးရွာစိုက်ခင်းများထဲ တောဆင်ရိုင်းများ ၀င်ရောက်ဖျက်ဆီး
DVB
·
December 5, 2017
တိုက်ကြီးမြို့နယ် ကျေးရွာစိုက်ခင်းများထဲ တောဆင်ရိုင်းများ ၀င်ရောက်ဖျက်ဆီး
1 / 5
Donate to DVB

 

ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်ထဲက စိုက်ခိုင်းတွေထဲ တောဆင်ရိုင်းတွေ ဝင်ရောက်ဖျက်ဆီးနေတာကြောင့် ရွာသားတွေ စိုးရိမ်ထိတ်လန့်နေကြပါတယ်။

တောဆင်ရိုင်းတွေဟာ အုပ်စုလိုက် ဒါမှမဟုတ် တစ်ကောင်စ နှစ်ကောင်စ ရွာတွေထဲ ဝင်ရောက်ပြီး စိုက်ပျိုးထားတဲ့ စပါးခင်း၊ ကြံခင်းတွေအပြင် ရွာတွေထဲအထိ ဝင်ရောက်ဖျက်ဆီးနေတာဖြစ်ပါတယ်။

ဒေသခံ ကွမ်းသီးမြောင်ကျေးရွာက ဦးတင်အောင်မိုးက “အရင်က ဆင်တွေ ညဘက်ကို ဝင်တာ။ အခုဆို နေ့ဘက်တွေပါ ဝင်တာ။ ညဆိုလည်း မအိပ်ရဲဘူး။ သူတို့ အသံနားထောင်နေရတာ။ စပါးပေါ်ချိန်တို့၊ ကြံပေါ်ချိန်တွေဆို မပြန်တော့ဘူး။ အုပ်စုလိုက် ကြံခင်းတွေထဲမှာနေပြီး ညနေ ၅ နာရီလောက်ဆို ထွက်လာတယ်။ ရွာတွေနားက စပါးခင်းတွေ ကောက်စိုက်ပုံတွကို ဝင်စားတယ်။ ပြီးရင်ရွာထဲဝင်တယ်။ လူတွေ စိုက်ပျိုးထားတဲ့ သီးပင်စားပင်တွေကို စားတယ်။ အိမ်ထဲမှာရှိတဲ့ ဆန်တို့ ငပိတို့ကိုလည်း စားတယ်။ အိမ်ကိုလည်း ဖျက်ဆီးတယ်။ လူတွေကတော့ အလွတ်ပြေးရတာပေါ့။ မလွတ်ရင်သေမှာလေ။ နင်းသတ်ခဲ့တာ။ အဲ့သူတို့ ဝင်လာတာကိုကြိုသိရင် ရွာသားတွေက ထွန်စက်တွေမောင်း၊ သံပုံးတွေတီး၊ ဆိုင်ကယ်မီးတွေ ဖွင့်ပြီး အသံပေး မောင်းထုတ်ရတယ်” လို့ ပြောပါတယ်။

တောဆင်ရိုင်းတွေက ရွာနဲ့အဝေးကြီး မသွားဘဲ ရွာနားမှာဘဲ နေနေတဲ့အတွက်  ရွာသားတွေဟာ ညနေ ၄ နာရီလောက်ဆို ရွာပြင်မထွက်ရဲကျတော့ဘဲ ညဘက်ဆိုလည်း ကောင်းကောင်းမအိပ်ရဘူးလို့ ဆိုပါတယ်။

စိုက်ခင်းစောင့်အမျိုးသမီး ဒေါ်စန်းအေးက “လူကတော့ ငြိမ်နေရတာပေါ့။ အသံမပေးရဲဘူး။ စိုက်ခင်းစောင့်တာအပြင် တောထဲမှာ တံမြက်စည်း ထိုးတယ်။ ဆင်တွေက အသံလုံတယ်။  ဒါပေမယ့် နားရွက်မငြိမ်ဘူး။ သူတို့က ခြံထဲကနေဝပ်ပြီး လူတွေကို ကြည့်နေတာ။ ဒါပေမယ့် နားရွက်က တဘုတ်ဘုတ်ရိုက်နေတော့ အဲ့အသံကို နားစွင့်ပြီး တောထဲဝင်ရတယ်။ သူတို့တွေ အခုလိုဖြစ်နေတော့ ကျမတို့လည်း လုပ်စားရတာ အဆင်မပြေဘူး။ သက်ဆိုင်ရာက တောဆင်ရိုင်းတွေကို ထိန်းသိမ်းပေးမယ်ဆိုရင် ကောင်းမယ်။ အခုက လူတွေပါ နှစ်တိုင်းအနင်းခံပြီး သေနေကြပါတယ်”လို့ ပြောပါတယ်။

ပဲခူးရိုးမတောထဲမှာ ၁၉၉၆ ခုနှစ်က တဘူးလှဆည် စတင်တည်ဆောက်တဲ့အချိန်က စတင်ပြီး တောဆင်ရိုင်းတွေ စားကျက်ပျောက်ဆုံးပြီး လူနေထိုင်တဲ့ ကျေးရွာတွေမှာ စိုက်ခင်းတွေကို ဝင်ရောက်စားသောက်ခဲ့တာ၊ လူနဲ့တိုးရင် အန္တရာယ်ပေးတဲ့အထိ ဖြစ်လာခဲ့ ပါတယ်။

၁ နှစ်ကို လူ ၂ ဦးမှ ၃ ဦးအထိ ဆင်အနင်းခံသေဆုံးခဲ့တာတွေရှိခဲ့သလို ဆင်မုဆိုး တွေးကြောင့် နှစ်စဉ် တောဆင်ရိုင်းတွေသေဆုံးတာတွေလည်း ရှိနေပါတယ်။

သတင်း - မေသွယ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013