DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
December 5, 2017
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
Donate to DVB

မတ်ပဲ
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ  မတ်ပဲက ပိဿာ ၆၀ ဝင် ၁ အိတ်ကို ၄၉,၄၀၀ ကျပ် ပေါက်ဈေးရှိနေပြီး မန္တလေး ပွဲစားကုန်သည် စက်ပိုင်အသင်းမှာတော့ ၁ အိတ်ကို ငွေကျပ် ၅၀,၀၀၀ ကနေ ၅၂,၀၀၀ ကျပ် ပေါက်ဈေးရှိပါတယ်။ ရန်ကုန်နဲ့ မန္တလေး ၁ အိတ်ကို ၁,၀၀၀ ကျပ်ကျော် ဈေးကွာခြားမှု ရှိပါတယ်။ ဒီနေ့မှာ မတ်ပဲက ရန်ကုန်ရော မန္တလေးမှာပါ။ ၁ အိတ်ကို ၂,၀၀၀ ကျပ်ကျော် ဈေးမြင့်တက်လာပါတယ်။

ပဲစင်းငုံနီ
ဘုရင့်နောင် ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီက ၁ အိတ်ကို ငွေကျပ် ၃၃,၂၀၀ ပေါက်ဈေး ရှိနေပြီး မန္တလေး ပွဲစားကုန်သည် စက်ပိုင်အသင်းမှာတော့ ၁ အိတ်ကို ၃၀,၀၀၀ ကျပ် ပေါက်ဈေးရှိပါတယ်။ ၁ အိတ်ကို ၃,၀၀၀ ကျော် ဈေးကွာခြားမှု ရှိပါတယ်။ မန္တလေး ကုန်စည်ဒိုင်မှာတော့ ပဲစင်းငုံဈေးက အပြောင်းအလဲ မရှိပေမယ့် ရန်ကုန် ကုန်စည်ဒိုင်မှာတော့ ပဲစင်းငုံက ၁ အိတ်ကို ၁,၀၀၀ ကျပ် ဈေးတက်လာပါတယ်။

ပဲလွန်းဖြူ
ဘုရင့်နောင် ကုန်စည်ဒိုင်မှာ ပဲလွန်းဖြူက ပိဿာ ၆၀ ဝင် ၁ အိတ်ကို ငွေကျပ် ၈၄,၉၀၀ ကနေ ၈၈,၂၀၀ ကျပ် ပေါက်ဈေး ရှိနေပြီး မန္တလေး ကုန်စည်ဒိုင်မှာတော့ ၁ အိတ်ကို ၈၅,၀၀၀ ကျပ်ကနေ ငွေကျပ် ၉၀,၀၀၀ ပေါက်ဈေးရှိပါတယ်။ မန္တလေးနဲ့ ရန်ကုန် ၁ အိတ်ကို ၁,၀၀၀ ကျပ်ကျော် ဈေးကွာခြားမှု ရှိပါတယ်။

ကုလားပဲလုံး v2
မန္တလေး ပွဲစားကုန်သည် စက်ပိုင်အသင်းမှာ ကုလားပဲလုံး v2 က ၁ အိတ်ကို ငွေကျပ် ၁၀၃,၀၀၀ ကနေ ၁၀၄,၀၀၀ ကျပ် ပေါက်ဈေးရှိနေပြီး ကုလားပဲ အများဆုံး ဝင်ရောက်တဲ့ ပခုက္ကူ ကုန်စည်ဒိုင်မှာတော့ ၁ အိတ်ကို ၁၀၂,၀၀၀ ကျပ် ပေါက်ဈေးရှိပါတယ်။ ၁ အိတ်ကို ၁,၀၀၀ ကျပ်ကျော် ဈေးကွာခြားမှု ရှိပါတယ်။

စားအုန်းဆီ
မန္တလေး ပွဲစားကုန်သည် စက်ပိုင်အသင်းမှာ စားအုန်းဆီက ၁ ပိဿာကို ၁,၈၀၀ ကျပ် ပေါက်ဈေး ရှိနေပြီး မြင်းခြံ ကုန်စည်ဒိုင်မှာတော့ စားအုန်းဆီ ၁ ပိဿာကို ၁,၈၂၀ ကျပ်ကနေ ၁,၈၄၀ ကျပ် ပေါက်ဈေးရှိပါတယ်။ မန္တလေးနဲ့ မြင်းခြံ ၁ ပိဿာကို ၂၀ ကျော် ဈေးကွာခြားမှုရှိပြီး ၁ ပိဿာကို ၂၀ ကျပ် ဈေးတက်လာပါတယ်။

နှမ်းညို
မန္တလေး ကုန်စည်ဒိုင်မှာ နှမ်းညိုက ၄၅ ပိဿာဝင် ၁ အိတ်ကို ၁၀၇,၀၀၀ ကျပ်ကနေ ငွေကျပ် ၁၀၉,၀၀၀ ပေါက်ဈေးရှိနေပြီး နှမ်းအများဆုံး ဝင်ရောက်တဲ့ မြင်းခြံမှာတော့ နှမ်းညိုက ၁ အိတ်ကို ငွေကျပ် ၁၀၃,၅၀၀ ပေါက်ဈေးရှိပါတယ်။ ၁ အိတ်ကို ၃,၀၀၀ ကျပ်ကျော် ဈေးကွာခြားမှု ရှိပါတယ်။

ဖော်ပြပါ သီးနှံဈေးနှုန်းတွေထဲက စားအုန်းဆီကတော့ ဒီတပတ်မှာ ဈေးပြန်တက်လာပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ တလလုံး မလေးရှားနိုင်ငံမှာ ငွေကြေးဈေးနှုန်းတွေ မြင့်တက်ခဲ့ပြီး စားအုန်းဆီဈေးတွေ ကျဆင်းခဲ့တဲ့အတွက် ဈေးက ကျဆင်းနေတာဖြစ်ပြီး ဒီဇင်ဘာ ပထမအပတ်မှာတော့ ငွေကြေးဈေးနှုန်း အနည်းငယ် ကျဆင်းသွားတဲ့အတွက် စားအုန်းဆီဈေးတွေ အနည်းငယ် မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ စားအုန်းဆီဈေးကတော့ နှစ်ရက်အတွင်း ၁ ပိဿာကို ၅၀ ကျပ်လောက် ဈေးမြင့်တက်ခဲ့ပါတယ်။

အခု ဖော်ပြသွားတဲ့ ဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။

သတင်း- AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013