DVB Logo
Home
မြန်မာသတင်း
မြဝတီမြို့နယ်တွင် လေယာဉ်ပစ်ကျည် တစ်ထောင်ကျော် သိမ်းဆည်းရမိ
DVB
·
December 5, 2017
မြဝတီမြို့နယ်တွင် လေယာဉ်ပစ်ကျည် တစ်ထောင်ကျော် သိမ်းဆည်းရမိ
Donate to DVB

 

ကရင်ပြည်နယ် မြဝတီမြို့နယ်၊ သင်္ဃန်းညီနောင်၊ ရွာသစ်ကျေးရွာမှာ လေယာဉ်ပစ်ကျည်တော့ ၁၀၀၀ ကျော် သိမ်းဆည်းရမိခဲ့တယ်လို့ ပြည်ထဲရေးဌာနက သတင်းထုတ်ပြန်ပါတယ်။

ဒီဇင်ဘာလ ၄ ရက်ည ၇ နာရီလောက်က သင်္ဃန်းညီနောင်၊ ရွာသစ်ကျေးရွာ၊ ကွက်သစ်၊ "စံပယ်မိုး"သောက်ရေသန့်စက်ရုံရှေ့လမ်းရှိ စံလင်း(ခ) ကိုဂျွန် ငှားရမ်းနေထိုင်တဲ့အိမ်ကို ရဲတပ်ဖွဲ့ သတင်းအရ ဝင်ရောက်ရှာဖွေရာ အိမ်အောက်ထပ်ရှိ ပလပ်စတစ်ပုံးနဲ့ လက်ဆွဲခြင်းအတွင်းမှ အရှည် ၆ လက်မခန့်ရှိ ၁၂.၇ မီလီမီတာ အမျိုးအစား လေယာဉ်ပစ်ကျည် ၁၀၂၀ တောင့် တွေ့ရှိသိမ်းဆည်း ရမိခဲ့တာပါ။

ပိုင်ရှင်ကို ဆက်လက်စုံစမ်းရာမှာ မြစ်ကြီးနားမြို့သို့ ရောက်ရှိနေကြောင်း သတင်းအရ ည၉နာရီခွဲလောက်မှာ ရဲနဲ့ တပ်မတော်သားတွေပူးပေါင်းအဖွဲ့က စံလင်း(ခ) ကိုဂျွန်ရဲ့မြစ်ကြီးနားရှိ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စံလင်း (ခ) ကိုဂျွန်၊ (၄၄)နှစ်နဲ့ ဇနီး မခါးဘူ(ခ) လဘန်ခါးဘူ၊(၃၄)နှစ်တို့ နှစ်ဦးကိုဖမ်းဆီးရမိပြီး မြစ်ကြီးနား မြို့မရဲစခန်းမှာ စစ်ဆေးနေတယ်လို့ ပြည်ထဲရေး သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

ဓာတ်ပုံ-MOH

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013