DVB Logo
Home
မြန်မာသတင်း
နေပြည်တော်တွင် HIV/AIDS ဝေဒနာရှင်များအတွက် ART ဆေးဝါးစင်တာများဖွင့်လှစ်
DVB
·
December 5, 2017
နေပြည်တော်တွင် HIV/AIDS ဝေဒနာရှင်များအတွက် ART ဆေးဝါးစင်တာများဖွင့်လှစ်
Donate to DVB

 

နေပြည်တော်ကောင်စီနယ်မြေမှာ HIV/AIDS ဝေဒနာရှင်တွေအတွက် ART ဆေးဝါး အလွယ်တကူရရှိ ဆေးဝါးကုသမှုခံယူနိုင်ဖို့ စင်တာတွေနဲ့ ဆင့်ပွားဌာနတွေကို ဖွင့်လှစ်ထားတယ်လို့ ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်က ပြောပါတယ်။

AIDS ရောဂါဝေဒနာခံစားနေရတဲ့ လူနာတွေအတွက် ပြုစုကုသပေးမှုအနေနဲ့ ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာနနဲ့ မိတ်ဖက်အဖွဲ့အစည်းတွေ ပူးပေါင်းကာ HIV တန့်ဆေး  ART ဆေးကုသတဲ့ လုပ်ငန်းတွေကို ဆောင်ရွက်နေတာဖြစ်ပါတယ်။

“HIV/AIDS ရောဂါဖြစ်ပွားမှုကြောင့် ခွဲခြားနိမ့်ချဆက်ဆံခံရတာ၊ စိတ်ပိုင်းလူမှုရေးပိုင်းဆိုင်ရာနဲ့ စီးပွားရေးအခက်အခဲတွေ ကြုံတွေ့ရတာအပြင် နာမကျန်း ဖြစ်တာနဲ့ သေဆုံးခြင်းများစွာ ဖြစ်ပေါ်ရခြင်းဟာ ကျန်းမာရေးစောင့်ရှောက်မှုစနစ် အပေါ်မှာ များစွာ ၀န်ထုပ်ဝန်ပိုဖြစ်စေပါတယ်”လို့ ဒေါက်တာမျိုးအောင်က ပြောပါတယ်။

ဒီနှစ် ကျရောက်တဲ့ World AIDS Day နေ့အခမ်းအနားကို နေပြည်တော်ရှိ မင်္ဂလာဗျူဟာ သာသနာ့ ဗိမာန်တော်ကြီးမှာ ဒီဇင်ဘာလ ၅ ရက်က ပြုလုပ်ခဲ့ရာမှာ ဒေါက်တာမျိုးအောင်က အဲဒီအခမ်းအနား အဖွင့်မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုခဲ့တာပါ။

ART ဆေးကုသခြင်းလုပ်ငန်တွေကို နေပြည်တော် ကုတင် ၁၀၀၀ ဆံ ပြည်သူ့ဆေးရုံကြီး၊ ပျဉ်းမနားမြို့၊ လယ်ဝေးမြို့နယ်နဲ့ တပ်ကုန်းမြို့နယ်တွေမှာ ART စင်တာ၅ ခု ဖွင့်လှစ်ထားပြီး ဆေးဝါးကုပေးနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် နေပြည်တော်ရှိ ပုဗ္ဗသီရိမြို့နယ်၊ ဇဗ္ဗူသီရိမြို့နယ်၊ ဇေယျာသီရိမြို့နယ်၊ ဒက္ခိဏသီရိမြို့နယ်၊ ဥတ္တရသီရိမြို့နယ်ထဲက သီရိ ၄ မြို့နယ်မှာလဲ ART ဆင့်ပွားဌာနတွေ (Decentralized Sites) ဖွင့်လှစ် ဆောင်ရွက် နေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013